Tuesday, September 11, 2012

Javascript Module 19[End Basic]

Javascript နဲ့ပတ်သက်ပြီးသိထားသင့်တဲ့အခြားအရေးကြီးတဲ့အချက်တွေကတော့

Javascript ဆိုတာ Case Sensitive ဖြစ်ပါတယ်
Case Sensitive ဆိုတာ ကျွန်တော်တို့ပေးထားတဲ့  myfunction ဆိုတဲ့ function name တစ်ခုဟာ myFunction နဲ့မတူပါဘူး
ပြီးတော့ myvar ဆိုပြီးကြေငြာထားတဲ့ variable တစ်ခုဟာ myVar နဲ့မတူပါဘူး
ဒါကြောင့် javascript ဟာ case sensitive ဖြစ်ပါတယ်
နောက်ပြီး function , object , variable , တွေခေါ်တဲ့အခါ သို့ ဖန်တီးအခါမှာ  စာလုံးအကြီးအသေးတွေကိုသေချာဂရုစိုက်သင့်ပါတယ်

နောက်တစ်ခုက White space
Javascript က အပိုပေးထားတဲ့ white space တွေကိုအလုပ်မလုပ်ပါဘူး
script တွေရေးတဲ့အခါ ပိုပြီးရှင်းလင်းအောင် အောက်ကလိုရေးနိုင်ပါတယ်

var name="cyberoot";

ဒါက ပုံမှန်ရေးထားတာပါ  ပိုရှင်းအောင်ရေးမယ်ဆိုရင်တော့အောက်ကလို white space သုံးပြီးရေးလည်း result ကတူတူပါပဲ့
ဖတ်ရတာတော့ပိုပြီး မြင်သာသွားတာပေါ့

var name= " cyberoot " ;

အခုဆိုရင်ကျွန်တော်ရေးခဲ့တဲ့ Javascript Module 1 ကနေ 19 မှာ basic  ပြီးသွားပါပြီ
Reference လုပ်ထားတာကတော့ w3schools.com ပါ ကျွှန်တော်သိသလောက်လေးတွေကိုပေါင်းပြီးရေးထားပါတယ်
နောက်ပိုင်းမှာ ကျွန်တော်ဆက်ရေးမှာက Javascript ရဲ့ Object တွေအကြောင်းပါ
သူနောက်မှာတော့ Tranning တွေပေးသွားပါမယ် lynda.com ကသင်ခန်းစာတွေကိုပါရှင်းပြပေးပါမယ်
ဆက်ပြီး ကျွန်တော်နဲ့အတူဆက်လုပ်သွားမယ်ဆိုရင် javascript professonal တစ်ယောက်ဖြစ်မယ်လို့
ကျွန်တော်ယုံပါတယ် မယုံလည်းလုပ်နဲ့ပေါ့ ဟုတ်ဘူးလား ဟီး
Thanks for Reading
Written by cyberoot

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot