Sunday, September 9, 2012

Firefox Add-ons for web designer/developer

Web designer နာတွေအတွက်မရှိမဖြစ်သုံးသင့်တဲ့ Firefox Add-ons လေးတွေပါ

Mozilla Firefox ဆိုတာက အရမ်းပဲ့ လူကြိုက်များတဲ့ browser တစ်ခုပါ အထူးသဖြင့် web designer တွေ developer တွေအတွက်ပေါ့
အဓိက ကြိုက်တဲ့အကြောင်းကလည်း addon အများကြီးကို support လုပ်ပြီးထည့်သွင်းနိုင်လို့ပါပဲ့ addon တွေအများကြီးရှိတဲ့အထဲမှ
web desinger or developer တွေအတွက်အရမ်းကိုအသုံးဝင်မယ် fiirefox addon 20 ကိုဖော်ပြပေးလိုက်ပါတယ်

1. Web Developer
https://addons.mozilla.org/en-US/firefox/addon/60

Web developer addon ကတော့ web page တွေနဲ့အလုပ်လုပ်တဲ့အခါမှာ option မြောက်များစွာပါတဲ့ toolbar ကိုထည့်သွင်းပေးထားတဲ့
Firefox addon လေးတစ်ခုပါ ဥပမာ.ဘယ် Css attributes မှာ ဘာတွေရှိတယ် ပြီးတော့ ဘယ် Style က ဘာကို effect ဖြစ်တယ်ဆိုတဲ့
page element ရဲ့ style ကိုစစ်ဆေး ရွေးချယ်နိုင်ပါတယ်

2. SeoQuake
https://addons.mozilla.org/en-US/firefox/addon/3036

SeoQuake ကတော့ web pages တွေကို search engine တွေက ရှာပေးနိုင်အောင် ကူညီပေးနိုင်ပါတယ်
SeoBar က  load လုပ်တဲ့အခါ SEO နဲ့ဆိုင်တဲ့ advantage တွေရဲ့ information တွေပေးပါတယ်

3. Window Resizer 1.0
https://addons.mozilla.org/en-US/firefox/addon/1985

Window Resizer ကတော့ မတူညီတဲ့ screen size နဲ့ monitor resolution တွေစမ်းဖို့အတွက်အသုံးပြုပါတယ်
တိကျမြန်ဆန်စွာနဲ့ကျွန်တော်တို့ ရဲ့ design ကို standard resolution size အဖြစ်ကြည့်နိုင်ဖို့ စမ်းသပ်နိုင်ပါတယ်

 4. FireShot
 https://addons.mozilla.org/en-US/firefox/addon/5648

 သူလည်းပဲ့ firefox addon လေးတစ်ခုပါပဲ့ သူကတော့ ကျွန်တော်တို့ web page ရဲ့ screenshots ကိုဖန်တီးပေးပါတယ်
 တစ်ခုလုံးလည်းရိုက်နိုင်ပါတယ် / လိုအပ်သလောက်လဲ ရိုက်နိုင်ပါတယ် အများကြီးပါ သုံးလို့ရတာက
 ရိုက်ထားတဲ့ screen shot ကိုလည်း သူမှာပါတဲ့ tool နဲ့ပဲ့ ပြန်လည်ပြင်ဆင်နိုင်ပါတယ်

 5. Firebug
 https://addons.mozilla.org/en-US/firefox/addon/1843

 ကျွန်တော်အရင်ကရေးခဲ့တဲ့ firebug guid မှာဖတ်ဖူးမှာပေါ့ developer တွေမရှိမဖြစ်သုံးတဲ့ မူလ tool လို့လည်းဆိုနိုင်ပါတယ်
 browser ထဲမှာပဲ့သုံးတဲ့ developer tool ပါ ကျွန်တော်တို့  web page ထဲမှာပဲ့ တစ်ခါတည်း edit , debug , လုပ်နိုင်ပြီး Css,Html, နဲ့ Javascript ကိုကြည့်လို့ရပါတယ်

 6. Greasemonkey
 https://addons.mozilla.org/en-US/firefox/addon/748

 Greasemonkey firefox add-on ကတော့ Javascript code အတိုလေးတွေကိုအသုံးပြုပြီး web page ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကြည့်နိုင်ပါတယ်
 Online ပေါ်မှာ ရှိတဲ့  script ပေါင်းများစွာကိုလည်း ဒီ addon နဲ့ ပိုကောင်းအောင်လုပ်ဆောင်နိုင်ပါတယ်
 script download လုပ်ချင်တယ်ဆိုရင်တော့ http://userscripts.org/

 7. ColorZilla
 https://addons.mozilla.org/en-US/firefox/addon/271


web page တွေပေါ်မှာ ဘယ် color က အရောင် Code ကို သိချင်တယ်ဆိုရင် ဒါနဲ့အသုံးပြုနိုင်ပါတယ်
Firefox ရဲ့ ဘယ်ဖက် အောက်ခြေ ထောင့်နားက eyedropper icon ကို အသုံးပြုနိုင်ပါတယ်

8. FireFTP
http://fireftp.mozdev.org/

file တွေကို server ပေါ်ကို upload လုပ်တဲ့အခါ အသုံးဝင်တဲ့ add on တစ်ခုပါ

9. IE Tab
https://addons.mozilla.org/en-US/firefox/addon/1419

web developer တွေအတွက်အရမ်းကောင်းတဲ့ add-on လေးပါ
button ကို click တစ်ချက်နှိပ်ရုံနဲ့ ie နဲ့ firefox layout engine ကို switch လုပ်နိုင်ပါတယ် ကိုယ်ရေးထားတဲ့ web page တွေအဆင်ပြေလားဆိုတာ
စစ်ဆေးဖို့အသုံးပြုပါတယ်

10. Palette Grabber
https://addons.mozilla.org/en-US/firefox/addon/2290

သူကတော့ လက်ရှိကြည့်နေတဲ့ web page ရဲ့ color Thems တွေကို ယူသုံးနိုင်ပါတယ်

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot