Friday, September 7, 2012

Firebug(basic) အသုံးပြုနည်းလမ်းညွှန်



Firebug ဆိုတာ ဘာလဲ?
ဟုတ်ကဲ့ သူကတော့ web developer တွေဟက်ကာတွေအသုံးများတဲ့ addon  လို့ပြောမယ်ဆိုရင်မမှားပါဘူး
သူကတော့ web page တွေရဲ့ code တွေကို view ကြည့်လို့ရပါတယ် html, css ,node စသည်ဖြင့် အများကြီးပါ
အဲဒီမှာ ကျွန်တော်တို့က သူကိုဘယ်လိုအသုံးချမလဲဆိုတာ ကိုတော့ ကျွန်တော်တို့သူကိုဘယ်လောက်အသုံးပြုတတ်လဲဆိုတာကပိုအရေးကြီးပါတယ်
ဒါမှ လိုချင်တဲ့ ဟာကိုမြန်မြန်နဲ့ ကျွန်တော်တို့လုပ်ဆောင်နိုင်မှာပါ
firebug က open source web developer tool လိုလူသိများပါတယ် web page တွေကို debugging လုပ်ရာမှာ code တွေကိုမြန်ဆန်စွာ
ရှာဖွေနိုင်ဖို့နဲ့ code တွေရဲ့ အလုပ်လုပ်ပုံတွေကို တိတိကျကျ နဲ့ အသုံးချမှုအပေါ်မူတည်ပြီး အကျိုးရှိစေမှာတော့အမှန်ပဲ့ဗျ

Ok ကျွန်တော်က firebug ကောင်းကြောင်းပြောနေမှတော့ သူနဲ့စပြီး အလုပ်လုပ်ကြည့်ရအောင်
ပထမဆုံး firebug add on ကို firefox မှာ Install လုပ်ပေးရပါမယ်
ဒီမှာဒေါင်းပြီး install လုပ်ပါ
http://getfirebug.com/downloads

ပြီးတော့ web page တစ်ခုလောက်ဖွင့်ပြီးကြည့်ကြည့်ပါ အောက်ကပုံလေးလိုတွေပါမယ်
တစ်ကယ်လို့ short cut key တွေကိုသိချင်တယ်ဆိုရင် အောက်က link မှာသွားကြည့်ပါ
http://getfirebug.com/wiki/index.php/Keyboard_and_Mouse_Shortcuts

အခုဆိုစပြီး ကျွန်တော်တို့ browser ထဲမှာရှိတဲ့ Context Menu တွေကို firebug နဲ့ဖွင့်ကြည့်ရအောင်
web page ရဲ့ ဘယ်နေရာမှာပဲ့ဖြစ်ဖြစ် right click နှိပ်လိုက်တဲ့အခါမှာ ( reload ,bookmark ,view page source ) လိုမျိုးပဲ့
Inspect Element ဆိုတာကိုတွေမှာပါ ဒါကိုနိပ်ကြည့်ပါဦး တစ်ခုခုတွေ့မှာပါ node တွေကို delete လုပ်ကြည့်လို့လည်းရပါတယ်

စမ်းကြည့်ပေါ့ ပြောနေရင် ပြီးတော့မှာမဟုတ်ဘူး ဟီး
နောက်ပြီး firebug icon ကို click နှိပ်ပြီးတော့လည်း  firebug ကိုဖွင့်လို့ရပါတယ် firebug icon က ပိုးကောင်ပုံလေးပါ


ဒါဆို နောက်ထပ် web page layout နဲ့ markup ကိုစစ်ကြည့်ရအောင်
မေးများတဲ့မေးခွန်းတစ်ခုကတော့ web page ကို developing လုပ်တဲ့အခါ အမှားတွေကို ဘယ်နေရာမှာရှာမလဲတဲ့?
အဲဒီမေးခွန်းကိုဖြေဖို့က တော့ firebug ကိုအသုံးပြုရခြင်းက အဲဒါတွေကို inspection လုပ်ဖို့ပါပဲ့
firebug ကိုဖွင့်လိုက်တဲ့အခါမှာ ပုံမှန်ဆိုရင်တော့ Html panel ထဲကို မြင်ရမှာပါ ဒါက ကျွန်တော်တို့ကို web page ရဲ့ html element ကို နားလည်စေနိုင်ပါတယ်

Node View Pane
ပထမဆုံး ဘယ်ဖက်က ဟာကို Node view လို့ခေါ်ပါတယ်သူကတော့ page ရဲ့ source code ကို generate လုပ်ပြီး ဖော်ပြပေးထားပါတယ်
Node View ကတော့ web page ထဲက html element /code တွေကို edit လုပ်ဖို့ခွင့်ပြုပေးထားပါတယ် ပြီးတော့  node view အပေါ်မှာ
ကျွန်တော်တို့ mouse လေးကို html markup ပေါ်ကိုတင်လိုက်တဲ့အခါ စပြီး အလုပ်လုပ်တာတွေ့မှာပါ browser က ကျွန်တော်တို့
node view ရဲ့ element ကို highlight လေးနဲ့ပြမှာပါ


HTML Side Panels
ဒုတိယ ကတော့ ညာဖက်က Side Panels ပဲ့ဖြစ်ပါတယ် သူကတော့ ကျွန်တော်တို့ highlight လုပ်ထားတဲ့ element ရဲ့ information ကိုပြပေးတဲ့ နေရာပဲ့ဖြစ်ပါတယ်
Panel Side အနေနဲ့ကတော့ 4 မျိုးပါဝင်ပါတယ်
1. Style
2. Computed
3. Layout
4. Dom(  Document Object Model  )

1. Style side panel မှာတော့  element မှာပါဝင်တဲ့ effect  declaration ရဲ့ Css style ကိုပြပေးပါတယ်
Style sheet ကို Line နံပါတ်နဲ့ ပြပေးမှာပါ သက်ဆိုင်တဲ့ element ရဲ့ style ကုတ်အားလုံးကိုပြပေးမှာပါ


2. Computed side panel ကတော့ html element ရဲ့ (font-size,background,text-align,color) စတဲ့ Css properties ကိုပြပေးတာပါ
ဒါက web browser ထဲ့က ဘယ် element ကို render လုပ်တယ်ဆိုတာသိနိုင်ပါတယ်


3.Layout ပဲဖြစ်ပါတယ် ကျွန်တော်တို့ element ရဲ့ box model ကို ပြပေးတဲ့နေရာပါ padding ,border, margin စတဲ့ property တွေကိုအလွယ်တစ်ကူမြင်နိုင်ပါတယ်
ပြီးတော့ double click နှိပ်ပြီး value တွေကို ပြန်ပြင်ကြည့်လို့ရပါတယ်


4. Dom ကတော့ ကျွန်တော်တို့ select လုပ်ထားတဲ့ element ရဲ့document object model information ကိုပြပေးတာပါ
သူကတော့ javascript သုံးပြီး အလုပ်လုပ်တဲ့ front-end web developer တွေအတွက် အရမ်းကိုအသုံးဝင်ပါတယ်
နောက်ပိုင်းမှာ  DOM အကြောင်းကိုကျွန်တော်ရှင်းပါမယ် အားမှနော်

ဆက်လုပ်မယ်ဟာတွေကတော့ ပြင်တဲ့အပိုင်းပေါ့ဗျာ
html element တွေကို add/remove လုပ်နိုင်ပါတယ်
class ရဲ့ id တွေကို add/remove လုပ်နိုင်ပါတယ်
inline style တွေကိုထပ်ပြီး adding လုပ်နိုင်ပါတယ်

သတိပြုရမှာက firebug ကတော့ ကျွန်တော်တို့ရေးထားတဲ့ code ကို တစ်ကယ်တန်းတော့ save မလုပ်နိုင်ပါဘူး

ပြင်ပြီး design ပြောင်းသွားတာတွေကိုလောက်ပဲ့ လုပ်ပေးနိုင်ပါတယ် page ကို refresh လုပ်လိုက်တဲ့အခါမှာ Page ကမူရင်းအတိုင်းပြန်ဖြစ်သွားမှာပါ
ဒါကြောင့် ကြိုက်သလောက်ကလိလို့ရပါတယ် လိုချင်တဲ့ပုံစံ ဖြစ်တဲ့အထိပေါ့
Css style ကိုလည်း အပေါ်ကလိုပဲ့ ပြောင်းလဲကြည့်နိုင်ပါတယ်


အဆင်ပြေပါစေ
အချိန်သိပ်မရလို့ လိုရင်တိုရှင်းပဲ့ရေးလိုက်ပါတယ် ကျန်တဲ့အပိုင်းကိုစိတ်ဝင်စားရင်ဆက်ပြီးကလိနိုင်ပါတယ်

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot