Saturday, August 11, 2012

Visibility properties of php


ကျွန်တော်တို့က php ရဲ့ keywords ဖြစ်တဲ့ public , protected , private တွေကို ကြိုပြီး သတ်မှတ်ခြင်းဖြင့်
property or method တွေကို ပိုပြီးထင်ရှားစေပါတယ်
Class members ကကြေငြာခဲ့တဲ့ public ဆိုတာက ကျွန်တော်တို့  document ရဲ့  ဘယ်နေရာကမဆို access လုပ်နိုင်ပါတယ်
protected နဲ့ကြေငြာတဲ့ members class ကိုတော့ ကျွန်တော်တို့ရဲ့ မူရင်း class ထဲ့မှာ ဒါမှမဟုတ် parent classes တွေကို inherited
လုပ်ပြီး access လုပ်နိုင်ပါတယ်
private နဲ့ကြေငြာတဲ့ member class ကိုတော့ member သတ်မှတ်ထားတဲ့ class ကိုသာပဲ့ access လုပ်နိုင်မှာပါ

Property Visibility
Class properties ကိုတော့  စောစောကပြောခဲ့သလိုပဲ့ public , private , protected နဲ့ သတ်မှတ်ပါတယ်
တစ်ကယ်လို့ var ဆိုတဲ့ keyword ကိုသုံးပြီး ကြေငြာမယ်ဆိုရင်တော့  သူရဲ့ property ကိုတော့ public လို့သတ်မှတ်ပါလိမ့်မယ်
အောက်မှာရေးထားတာကိုလေ့လာကြည့်ပါ
<?php
class MyClass
{
    public $public = ' Public ' ;
    protected $protected = ' Protected ' ;
    private $private= ' Private ' ;
   
    function printHello()
    {
        echo $this->public;
        echo $this->protected;
        echo $this->private;
    }
}
$obj = new MyClass() ;
echo $obj->public;
echo $obj->protected;
echo $obj->private;
$obj->printHello();
?>

ရှင်းလင်းချက်
line 2 =>  MyClass ဆိုတဲ့ php Class တစ်ခုဆောက်ပါတယ်
line 4 =>  public property ကိုသုံးပြီး $public variable တစ်ခုဆောက်ပါတယ်
line 5 =>  protected property ကိုသုံးပြီး $protected variable တစ်ခုဆောက်ပါတယ်
liine 6 =>  private property ကိုသုံးပြီး  $private variable တစ်ခုဆောက်ပါတယ်
line 8 =>  MyClass ဆိုတဲ့ Class ထဲ့မှာ printHello ဆိုတဲ့ function တစ်ခုထည့်ရေးပါတယ်
line10=>  $this ကိုသုံးပြီး Class ထဲ့က public ကို echo နဲ့ထုတ်ပြပါတယ်
line11=>  $this ကိုသုံးပြီး Class ထဲ့က protected ကို echo နဲ့ထုတ်ပြပါတယ်
line12=>  $this ကိုသုံးပြီး Class ထဲ့က private ကို echo နဲ့ထုတ်ပြပါတယ်
line15=>  MyClass ကို new keyword သုံးပြီး $obj ဆိုတဲ့ var object ဖြစ်အောင်လုပ်လိုက်ပါတယ်
line16=> Object ထဲ့က public ကို output ထုတ်ပြမှာပါ ဒါက public သုံးပြီးအပေါ်မှာကြေငြာခဲ့တဲ့အတွက် အလုပ်လုပ်ပါတယ်
line17=> Object ထဲ့က protected ကို output ထုတ်ပြတာပါ ဒါပေမယ့် error တက်ပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ protected နဲ့ MyClass ထဲမှာသတ်မှတ်ခဲ့လို့ပါ
line18=> line17 နဲ့ အတူတူပါပဲ့
line19=> MyClass ထဲ့က function ဖြစ်တဲ့ printHello() ကို output ထုတ်ပြတာပါ ဒီ code ကအလုပ်လုပ်ပါတယ် ဒါပေမယ့် ပြပေးမှာတော့မဟုတ်ပါဘူး
                ဘာကြောင့်လဲဆိုတော့အပေါ်က line 17 မှာ error တက်သွားလို့ပါ ပြီးတော့ php code က line by line အလုပ်လုပ်လို့ပါ
               
နောက်ထပ်လေ့လာချင်သေးတယ်ဆိုရင်တော့အောက်မှာ MyClass ဆိုတဲ့ Class ကိုထပ်ခွဲပြီးရေးထားတာကိုလေ့လာနိုင်ပါတယ်
MyClass ကို extends လုပ်ထားတာကြောင့်အပေါ်က code နဲ့ပေါင်းရေးရပါမယ်

<?php
class MyClass2 extends MyClass
{
    protected $protected = 'Protected2';
    function printHello()
    {
    echo $this->public;
    echo $this->protected;
    echo $this->private;
    }
}
$obj2 = new MyClass2();
echo $this->public;  
echo $this->private;
echo $this->protected;
$obj2->printHello();
?>

Thanks for Reading....
Written by cyberoot
I Regard to Mylove ...& Home :^^^^:
:-(   Miss you...    :( ^_^ )

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot