Monday, August 27, 2012

Javascript Module 16

For...In Statement
သူကတော့ array ရဲ့ element တွေ သို့ object ရဲ့ properties ကို looping လုပ်ပါတယ်
Syntax
for ( variable in object )
{
//အလုပ်လုပ်မယ့် code ရေးရန်
}

Note: for..in loop ရဲ့ body ထဲ့က code ကို element/property တစ်ခုစီအတွက် execute လုပ်ပါတယ်
နမူနာ
<html>
<body>
<script type="text/javascript">
var x;
var name=new Array();
name[0]="MHU";
name[1]="cyberoot";
name[2]="ibot";
for (x in name)
{
    document.write(name[x] + "<br/>");
}
</script>
</body>
</html>
The Output is
***************
MHU
cyberoot
ibot
**************

နောက်ထပ်တစ်ခုက Events
events ဆိုတာက javascript ရဲ့ actions တွေပဲ့ဖြစ်ပါတယ်
Javascript ကိုအသုံးပြုခြင်းဖြင့် ကျွန်တော်တို့က dynamic web page ကိုဖန်တီးဖို့ လုပ်ဆောင်နိုင်ပါတယ်
Events ဆိုတာက js ရဲ့ သတိပြုမိအောင်လုပ်တဲ့ လုပ်ဆောင်ချက်တွေပဲ့ဖြစ်ပါတယ်
web page တစ်ခုမှာရှိတဲ့ ဘယ် element မှာမဆို js က trigger လုပ်တဲ့ တိကျတဲ့ event တွေရှိပါတယ်
ဥပမာပြောရရင်တော့ button element ရဲ့ onClick event ကိုအသုံးပြုမယ်ဆိုရင် button ပေါ်မှာ user က click နှိပ်လိုက်တဲ့အခါ
onclick event ထဲ့က function ကိုရည်ညွန်းပေးတာဖြစ်ပြီး အဲဒီ function ကိုအလုပ်လုပ်စေမှာပါ
ကျွန်တော်တို့က events တွေကို html tags တွေထဲမှာ သတ်မှတ်နိုင်ပါတယ်

Events နမူနာ
mouse ကိုနှိပ်တဲ့အခါ
webpage or image loading လုပ်တဲ့အခါ
webpage ပေါ်မှာ mouse ကို ရွေ့တဲ့အခါ
html form ထဲက input field ကို ရွေးတဲ့အခါ
html form ကို submit လုပ်တဲ့အခါ
keystroke ကိုနှိပ်တဲ့အခါ

စတာတွေကို event လို့ခေါ်ပါတယ်
မှတ်ချက် ၊၊ event တွေကိုပုံမှန်ဆိုရင်တော့ function နဲ့ပေါင်းပြီး အသုံးပြုလေ့ရှိပါတယ်
ကျွန်တော်တို့ ရဲ့ function က သတ်မှတ်ထားတဲ့ event ကို မတွေ့မချင်း  အလုပ်လုပ်မှာမဟုတ်ပါဘူး

onLoad and onUnload
သူကတော့  user က page ကို loading or leave  လုပ်တဲ့အခါမှာသုံးပါတယ်
onload event ကိုတော့ webpage ရဲ့ infomation ပေါ်မှာမူတည်ပြီးသင့်တော်တဲ့ version နဲ့ loading လုပ်ပါတယ်ပြီးတော့
visitor browser type တွေ version တွေကို စစ်တဲ့အခါမှာ onload ကိုသုံးပါတယ်အခြားဟာတွေလည်းသုံးလို့ရပါတယ်
အဲဒီ event နှစ်ခုစလုံးက cookies နဲ့လည်းဆက်စပ်နေပါတယ် user က webpage ကို ၀င်ထွက်လုပ်တဲ့အခါမှာ ထားသင့်ပါတယ်
ဥပမာပြောရရင် ကျွန်တော်က webpage ကိုလာတဲ့ user ကို ပထမဆုံး user ရဲ့ နာမည်ကိုမေးတာမျိုးကို popup နဲ့ထားသလိုမျိုးပါ
ပြီးတော့ ဒီ name ကို cookie ထဲမှာ သိမ်းထားမှာပါ နောက်တစ်ချိန် user က webpage ကိုလာတယ်ဆိုရင်တော့ အရင်လိုမမေးတော့ဘဲ
cookie ထဲ့ user name နဲ့ အောက်ကလိုမျိုး popup လေးတက်လာသလိုပေါ့ Welcome our Friend!

onFocus,onBlur and onChange
သူကတော့ form fields ကို validation လုပ်တာနဲ့ပေါင်းစပ်ပြီးမကြာခဏအသုံးပြုကြပါတယ်
အောက်က example မှာတော့ onChange event ကိုဘယ်လိုသုံးရတယ်ဆိုတာနမူနာပြထားပါတယ်
field ရဲ့ အကြောင်းရာကို user က ချိန်းတဲ့အခါမှာ checkEmail() function ကိုပြန်ခေါ်သုံးထားပါတယ်
<input type="text" size="30" id="email" onchange="checkEmail()">

onSubmit
တူကတော့ submitting မလုပ်ခင် form fields အားလုံးကို အချက်လက်မှန်လားဆိုတာကို စစ်တဲ့အခါမှာအသုံးပြုပါတယ်
အောက်မှာက နမူနာသုံးပြထားတာပါ user က form ထဲ့က submit button ကို နှိပ်တဲ့အခါမှာ checkForm() function ကိုပြန်ခေါ်ထားပါတယ်
တစ်ကယ်လို့  field value က accepted မရဘူးဆိုရင် submit က cancelled ဖြစ်သွားပါမယ်ဒီတော့ checkForm() က true or false လို့ return ပြန်ပါတယ်
အကယ်ရှ် return ture လိုပြန်ရင် form ကို submit လုပ်ပါလိမ့်မယ်,မဟုတ်ဘူးဆိုရင်တော့ submit က cancelled ဖြစ်တွားပါဘီ
<form method="post" action="text.html" onsubmit="return checkForm()">

onMouseOver and onMouseOut
သူကတော့ animate လုပ်တဲ့ပုံစံတွေလိုမျိုးမှာအသုံးများပါတယ်
အောက်မှာကတော့ onMouseOver event နမူနာပါ  onmouseOver event ကိုတွေ့တဲ့အခါမှာ alert box လေးတက်လာမှာပါ
<a href="http://cyberoot.blogspot.com" onmouseover="alert('I am onMouseOver event'); return false">Cyberoot</a>


Thanks for Reading
Written by Cyberoot

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot