Monday, August 20, 2012

Javascript Module 13

For Loop
code block တစ်ခုကို အကြိမ်အရေအတွက်သတ်မှတ်ပြီး execute လုပ်တဲ့အခါမှာတော့ for loopကိုသုံးပါတယ်
နောက်ပြီး condition မှန်ခဲ့တယ်ဆိုရင် လုပ်လို့ သတ်မှတ်တဲ့အခြေနေမျိုးမှာလည်းသုံးပါတယ်

Javascript ရဲ့ Loops
code တွေရေးတဲ့အခါ ကျွန်တော်တို့က row ထဲမှာ တူညီတဲ့ block တွေကို ထပ်ခါထပ်ခါလုပ်ဖို့အတွက်သုံးပါတယ်
တူညီတဲ့လိုင်းတွေကို ထပ်ခါထပ်ခါရေးရတဲ့ အခါပင်ပန်းတာပေါ့  ဒါကြောင့် loop တွေပတ်ပြီး သုံးနိုင်ပါတယ်
loop လုပ်ဖို့ နည်း ၂ ခုရှိပါတယ်
for loop
while loop ပါပဲ့

for loop ကတော့ အကြိမ်အရေအတွက်သတ်မှတ်ပြီး code ကို looping ပတ်တာပါ
while loop ကတော့ condition တွေမှန်ခဲ့ရင် လုပ်လို့ code ကို looping ပတ်ပါတယ်

For Loop
သူကိုတော့စောစောကပြောခဲ့သလိုပဲ့ script ကိုဘယ်နှစ်ကြိမ်လုပ်လို့သတ်မှတ်တဲ့အခါမှာ သုံးပါတယ်
Syntax
for ( variable = startvalue ; variable <= endvalue ; variable = variable + increment )
{
// အလုပ်လုပ်စေချင်တဲ့ script code ကိုရေးရန်
}

ဥပမာ
အောက်က eg မှာတော့ i=0 နဲ့ စပါလို့ သတ်မှတ်ထားပါတယ် ပြီးတော့
loop ထဲမှာ i က 5 နဲ့ ညီမယ် သို့ 5 ထက်ငယ်မယ်ဆိုရင် loop ကိုဆက်ပြီးအလုပ်လုပ်စေမှာပါ
ပြီးတော့ i က looping ပတ်တဲ့အချိန်တိုင်း 1 တိုးသွားပါလိမ့်မယ်
မှတ်ချက်/   /increment parameter က negative ဖြစ်ချင်လည်းဖြစ်ပါမယ် ပြီးတော့ <= က comparing statement ဖြစ်ရပါမယ်

<html>
<body>
<script type="text/javascript">
var i=0;
for (i=0;i<=5;i++)
{
document.write("The number is " + i );
document.write("<br/>");
}
</script>
</body>
</html>

အဆင်ပြေပါစေဗျာ
Thanks for Reading
Written by cyberoot1@gmail.com
www.cyberoot.blogspot.com

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot