Wednesday, August 15, 2012

Javascript Module 12

Javascript Functions
function တစ်ခုဟာ event တွေတွေ့တဲ့အခါ ဒါမဟုတ်ရင် function ကိုပြန်ခေါ်သုံးတဲ့အခါ အလုပ်လုပ်ပါတယ်
Page loading လုပ်တဲ့အခါ script file တွေကိုအလုပ်တစ်ခါတည်းမလုပ်အောင် brower က function နဲ့ ထိန်းထားပါတယ်
အလုပ်လုပ်စေချင်ရင်တော့ function ထဲမှာ လုပ်စေချင်တဲ့ comand ကိုသွားထည့်ပေးရမှာပါ

function ဆိုတာ script execute လုပ်တဲ့ set တစ်ခုပါ ကျွန်တော်တို့လုပ်ချင်တဲ့ အခါမှာ function တွေကိုလိုအပ်သလိုပြန်ခေါ်သုံးနိုင်ပါတယ်
function script ထည့်ထားတဲ့ page ဒါမဟုတ်ရင် js external link ချိတ်ထားတဲ့ ဘယ် page မှာမဆိုခေါ်သုံးနိုင်ပါတယ်
document ရဲ့<head> နဲ့ <body> ကြားမှာ function တွေကိုသတ်မှတ်ပြီးရေးနိုင်ပါတယ်
ပိုကောင်းတာကတော့ သူကိုခေါ်မသုံးခင် brower loading လုပ်တဲ့အခါ အဆင်သင့်ဖြစ်အောင် head section ထဲမှာရေးတာကပိုသင့်တော်ပါတယ်

Function တစ်ခုသတ်မှတ်ခြင်း
function myfunction( var1,var2,var3,.. varN)
{
    //execute code ကျွန်တော်တို့အလုပ်လုပ်မယ့် script ရေးရန်
}

myfunction  ထဲမှာရေးထားတဲ့ var1,var2 ဆိုတာတွေကို parameters လိုခေါ်ပါတယ်ဗျာ မသိရင်မှတ်ထားနော်
ကျွန်တော်လည်းအရင်က ဘာတွေမှန်းလဲမသိဘူးဆိုပြီး တိုင်ပတ်နေတာ
{ } ကတော့ function ရဲ့ start နဲ့ end ပဲ့ဖြစ်ပါတယ်
မှတ်ရန် ။     ။ parameter မရှိတဲ့ function ဆိုရင်တော့ parentheses() လောက်ပဲ့ function name အနောက်မှာထည့်ရမှာပါ
function ကိုတော့ lowercase နဲ့ရေးရပါတယ် ဒါမဟုတ်ရင်တော့ error ပေါ့ လက်ဆောင်ပေးတယ်သဘောထားလိုက်ပါ
ပြန်ခေါ်မယ်ဆိုရင်လည်း function name ရဲ့ capitals တွေကိုသေချာအောင်ရေးပေးရမှာပါ

ဥပမာ
<html>
<head>
<script type="text/javascript">
function greet()
{
alert("Hello World");
}
</script>
<body>
<form>
<input type="button" value="Show message" onclick="greet()"/>
</form>
</body>
</html>

ရှင်းလင်းချက်
line 4 => greet ဆိုတဲ့ နာမည်နဲ့ function တစ်ခုရေးပါတယ်
line 6 => Hello World ကို alert နဲ့ output ထုတ်ပြပါတယ်
line 12=> greet() ဆိုတဲ့ function ကို button သုံးပြီး onclick နဲ့ ပြန်ခေါ်ပြီးအလုပ်လုပ်စေမှာပါ
ဒီနေရာမှာနည်းနည်းလေးပြောပြချင်ပါတယ်
ပုံမှန် function မသုံးပဲ့ alert ကိုသုံးမယ်ဆိုရင် brower loading လုပ်တာနဲ့ ပြမှာပါ
အခုတော့ loading လုပ်ပြီးမှ function ကို alert ပြထားပါတယ်

နောက်တစ်ခု
Return Statement
return statement ကိုတော့ function ကနေ return ပြန်လာတဲ့ value ကိုသတ်မှတ်ပြီးအသုံးပြုတာပါ
ဒါဆိုရင် အောက်က ဥပမာလေးကိုကြည့်လိုက်ပါ

<html>
<head>
<script type="text/javascript">
function multiple(a,b)
{
    return a*b;
}
</script>
</head>
<body>
<script type="text/javascript">
document.write(multiple(2,5));
</script>
</body>
</html>

fmultiple ဆိုတဲ့ function name ထဲမှာရေးထားတဲ့ a နဲ့ b က parameter ပါ
သူကို return ပြန်ပြီး * မြှောက်ထားပါတယ်
ပြီးတော့ document.write ထဲ့မှာ function ကိုပြန်ခေါ်သုံးပြီး value ပေးထားတော့
a က 2 ဖြစ်ပြီး b ကတော့ 5 ဖြစ်ပါတယ် a*b = 2*5 = 10
ကျွန်တော်တို့ output ကတော့ 10 ရပါတယ် ဟီး

Javascript variable ရဲ့ lifetime
တစ်ကယ်လို့ function ထဲမှာ var ကိုသုံးပြီး variable တစ်ခုကိုကြေငြာခဲ့မယ်ဆိုရင်
အဲဒီ function က ပဲ့ variable ကို access လုပ်နိုင်မှာပါ  function ပြီးသွားတဲ့အခါမှာတော့
variable ကအသုံးမ၀င်တော့ပါဘူး ဒီလို variable တွေကို local variable လို့ခေါ်ပါတယ်
ဒါကြောင့် မတူညီတဲ့ function တွေထဲမှာ တူညီတဲ့ variable တွေပါတတ်ပါတယ်

ဒါမဟုတ် function ရဲ့ အပြင်ဘက်မှာ variable ကိုကြေငြာရင်တော့ page ထဲက function အားလုံးက ခေါ်သုံးလို့ရပါတယ်
variable စတင်ချိန်ကတော့ var ကြေငြာတဲ့အချိန် ပဲ့ဖြစ်ပြီး page ကို ပိတ်လိုက်တဲ့အချိန်မှာတော့ variable ကend ဖြစ်သွားမှာပါ

အဆင်ပြေကြပါစေ..
Thanks for Reading..
Written by cyberoot1@gmail.com
www.cyberoot.blogspot.com

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot