Tuesday, November 13, 2012

ကြွက်နဲ့စက္ကူ

ကျွန်တော်အိပ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်၊ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ထောင်ချောက်နဲ့လည်းဖမ်းမရဘူး။
ကြွက်ကတော်တော်လည်တဲ့ကြွက်လို့ထင်တယ်၊ညညဆိုလည်းသောင်းကျန်းလိုက်တာ ကျွန်တော်ကောင်းကောင်းမအိပ်ရဘူး
ဒါနဲ့ကြွက်ဖမ်းဖို့ ကြွက်ရဲ့ လှုပ်ရှားသွားလာမှုတွေကို ကျွန်တော်လေ့လာရတော့တယ်၊ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက်
ကြွက်ဟာ အိပ်ခန်းပြတင်းပေါက်ကတဆင့် ၀င်လာတယ်ဆိုတာ ကျွန်တော်သတိထားမိလိုက်တယ်၊ပြတင်းပေါက်က  ခြင်ဇကာကိုကိုက်ဖြတ်ပြီး
မှောင်စပျိုးတာနဲ့ ကျွန်တော်အခန်းထဲ့ သူဝင်လာတယ်။မိုးလင်းတာနဲ့ သူပြန်ထွက်သွားတယ်။
မိတ်ဆွေတစ်ဦးကို ကျွန်တော်ဒီအကြောင်းပြောကြည့်တော့ သူကရယ်ပြီး "ဒါက လွယ်လွယ်လေးပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ကပ်ထားလိုက်ရုံပဲ့"
လို့အကြံပေးတယ်။ သူ့အပြောကို သိပ်မယုံကြည်ပုံမပေါက်တဲ့ ကျွန်တော်ကိုကြည့်ပြီး သူက "တစ်ကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါလို့" ပြောတယ်

မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်တော်လုပ်ကြည့်တယ်၊ဒါပေမယ့် စိတ်ထဲသိပ်ပြီးဘ၀င်မကျခဲ့ဘူး၊မှောင်စပျိုးတာနဲ့ ကျွန်တော်စောင့်ကြည့်မိတယ်
ပါးလျတဲ့ စက္ကူတစ်ချပ်က ပါးနပ်တဲ့ကြွက်တစ်ကောင်ကို တားနိုင်ပါမလား၊ တစ်ကယ်လည်း အခြေနေက ထူးခြားခဲ့တယ်၊ပြတင်းပေါက်အပြင်ကကြွက်ဟာ
အထဲကိုဝင်မရလို့စိတ်လှုပ်ရှားဖြစ်နေပြိး ဂနာမငြိမ်ဖြစ်နေပါတယ်။တကယ်တော့ လက်သည်းလေးတစ်ချက် ကုပ်လိုက်တာနဲ့ ၊ခေါင်းနဲ့သာသာလေး တိုးလိုက်ရုံနဲ့ စက္ကပြဲပြီးအထဲကိုသူဝင်နိုင်ပါတယ်
ဒါပေမယ့်ကြွက်က အဲဒီလိုမလုပ်ခဲ့ဖူး။သွားနဲ့ပဲ့ ကိုက်ဖြတ်တတ်တဲ့သူအကျင့်ကပြောင်ချောချော စက္ကူကို မကိုက်ဖြတ်တတ်ခဲ့ဘူး။
စက္ကူလေး တစ်ချပ်ကြောင့် သူ့ရဲ့ပါးနပ်မှုတွေ အသုံးမ၀င်တော့တာ တစ်ကယ့်အံသြစရာပါပဲ့

နောက်ပိုင်းမှာကျွန်တော်အိပ်ခန်းထဲ့ အဲဒီကြွက် ထပ်ပြီးမ၀င်လာခဲ့တော့ပါဘူး။စက္ကူတစ်ချပ်နဲ့သူတားဆီးခံလိုက်ရတယ်၊အဲဒီကိစ္စနဲ့ပတ်သက်ပြီး
"ဘာကြောင့်" ဆိုတဲ့ မေးခွန်းက ကျွန်တော်ကို အချိန်အတော်ကြာ နှိပ်စက်ခဲ့တယ်၊
    နောက်ဆုံးမှာ တစ်ဘက်သတ် တွေးတောမှုကြောင့်ဆိုတာကို ကျွန်တော် သဘောပေါက်နားလည်ခဲ့ပါတယ်၊ကျွန်တော်တို့ရဲ့အခက်အခဲ့၊အတားဆီးတွေဟာ
    ကြွက်ကိုတားဆီးထားတဲ့ စက္ကူတစ်ချပ်လိုပါပဲ့၊ အခက်အခဲ၊အတားဆီးနဲ့ကြုံတဲ့အခါ တစ်ဘက်သတ် အတွေးတွေကို ကျွန်တော်တို့ လှည့်ပြောင်းပေးခဲ့မယ်ဆိုရင်
    ကြံစည်မှုအသစ်တွေနဲ့ စက္ကူကို အလွယ်တစ်ကူ ဆုတ်ဖြဲနိုင်မှာ သေချာပါတယ်
   
    မူရင်းရေးသားသူ (Xi Wan(Nan Shan ညနေသတင်းစာထဲ့ကကောက်နှုတ်ထားတာဖြစ်ပါတယ်)
    Copy from နိုင်းနိုင်းစနေ ၏ သတ္တိရှိတဲ့ ပထမခြေလှမ်းစာအုပ်မှ
    ReWritten by Cyberoot
    www.cyberoot.blogspot.com
အဆင်ပြေကြါပါစေ   

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot