Tuesday, November 6, 2012

AJAX မိတ်ဆက်

Ajax ဆိုတာဘာလဲ?

လူတွေပြောကြတာကတော့ Asynchronous JavaScript and XML ဆိုပဲ့ ဆိုလိုတာက Javascript နဲ့ XML ကို asynchronous လုပ်ထားတာပါ
Asynchronous ဆိုတာကကော ဘာလဲ အရင်ကကျွန်တော်လည်းမသိပါဘူး ကျွန်တော်သိတာကတော့

Synchronous = ဥပမာ ကျွန်တော်ကသင့်ကို တာတာလိုလက်ပြပြီးနုတ်ဆက်တယ်ဗျာ ကျွန်တော်လက်ပြတာမြင်က ခင်ဗျားကလည်း တာတာလို့ပြန်ပြတယ်
 တစ်ခုပြီးမှတစ်ခုပေါ့ ။ကျွန်တော်လက်ပြတာမြင်ပြီးမှ သင့်က လက်ပြန်ပြတာပါ ပြီးတော့ ဖုန်းပြောတာကမျိုးလည်း Synchronous လုပ်တာပါ
 ကျွန်တော်တို့က Hello လို့အရင်ပြောတယ် ကျွန်တော်ပြောတာကိုနားထောင်ပြီးမှ ဟိုဘက်ကလည်း Hello လို့ပြန်ပြောတယ်လေ ဟုတ်

 Asynchronous= သူကတော့ ကျွန်တော်တို့ ဖုန်းပြောသလိုမျိုးပါပဲ့ အပေါ်မှာပြောခဲ့တဲ့ပုံစံနဲ့ဖုန်းပြောတာမျိုးတော့မဟုတ်ဘူး ဖုန်းထဲမှာရန်ဖြစ်နေတဲ့ပုံစံနဲ့တူပါတယ်
 တစ်ဘက်ကပြောတာပြီးအောင်မစောင့်ဘူးဗျာ သူပြောချင်တာကိုပြောတာ ဒီဘက်ကလည်းဟိုဘက်ကပြောတာ ပြီးတာမပြီးတာနားမလည်ဘူးသူလည်းစိတ်ထဲ့ကရှိတာပြောတယ်
 icon နဲ့ဖုန်းပြောနေတာလည်း asynchronous လုပ်တာပါပဲ့ ရဲတွေပြောတာတွေ့ဖူးလား ပြောချင်တဲ့လူကပြာ ကျန်တဲလူတွေကကြားနေရတယ် ပြောချင်တဲ့လူကကြားထဲကနေ၀င်ပြောတယ်
 အဲဒါဆို Asynchronous ပေါ့

 Ajax ဆိုတာက အပေါ်ကပြောခဲ့သလိုပါ့ပဲ့ ကျွန်တော်တို့ program အလုပ်လုပ်နေတဲ့အချိန်မှာ နောက်ကွယ်ကနေ Javascript နဲ့ xml ဖိုင်ကို
 Asynchronous လုပ်ပေးတာပေါ့ အဆင်ပြေမယ်လို့ထင်ပါတယ်
 ပြီးတော့ အချို့လူတွေက Ajax ဆိုတာ programming language အသစ်လို့ထင်ကြတယ် တစ်ကယ်တော့ လက်ရှိရှိပြီးသားဖြစ်တဲ့ language ကို
 modified လုပ်ထားတဲ့ Technology တစ်ခုပဲ့ဖြစ်ပါတယ်
 ဘာတွေလုပ်နိုင်လဲဆိုရင်တော့ Server က Data တွေကိုပြောင်းလဲလို့ရတယ် ပြီးတော့ webpage တစ်ခုလုံးကို reloading လုပ်စရာမလိုပဲ့ လိုအပ်တဲ့ အပိုင်းတွေလောက်ပဲ့
 မြန်မြန်ဆန်ဆန် Update လုပ်ပေးနိုင်တယ်
 ဥပမာ Fackbook လိုမျိုးဟာက နောက်တက်လာမယ့် post or comment တွေကိုနောက်ကွယ်ကနေ ajax သုံးပြီး Loading လုပ်ပေးပါတယ်

Ajax နမူနာပုံစံ
 <html>
<head>
<script type="text/javascript">
function loadXMLDoc()
{
if (window.XMLHttpRequest)
  {// code for IE7+, Firefox, Chrome, Opera, Safari
  xmlhttp=new XMLHttpRequest();
  }
else
  {// code for IE6, IE5
  xmlhttp=new ActiveXObject("Microsoft.XMLHTTP");
  }
xmlhttp.onreadystatechange=function()
  {
  if (xmlhttp.readyState==4 && xmlhttp.status==200)
    {
    document.getElementById("myDiv").innerHTML=xmlhttp.responseText;
    }
  }
xmlhttp.open("GET","ajax_info.txt",true);
xmlhttp.send();
}
</script>
</head>
<body>

<div id="myDiv"><h2>Let AJAX change this text</h2></div>
<button type="button" onclick="loadXMLDoc()">Change Content</button>

</body>
</html>

ဒါကနမူနာပါ နည်းနည်းတော့ရှုပ်နေလိမ့်မယ် နောက်ပိုင်းမှာနားလည်သွားမှာပါ Don't worry my Friends , Life is fighting
Ajax ကိုစလေ့လာတော့မယ်ဆိုရင် Html , Css , Javascript / DOM ကိုသိဖိုတော့လိုပါတယ်

Dynamic web site တွေကိုပိုမိုမြန်ဆန်စေဖို့အတွက် Ajax နည်းပညာကိုအသုံးပြုကြပါတယ်
Server နောက်ကွယ်ကနေပြီးတော့ လိုအပ်တဲ့ data တွေကို ပြောင်းလဲဖို့အတွက် ajax ကလုပ်ဆောင်ပေးနိုင်ပါတယ်
ဆိုလိုတာက အပေါ်မှာပြောသလိုပဲ့ web page တစ်ခုလုံးကို loading လုပ်စရာမလိုပဲ့ လိုအပ်တာကိုပဲ့ကွက်ပြီး အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်

Ajax နည်းပညာသုံးထားတဲ့ နာမည်ကြီး website တွေကတော့   Google Maps, Gmail, Youtube, and Facebook tabs.
ဒါဆို Ajax ဘယ်လောက်အရေးပါလဲဆိုတာ သဘောပေါက်မယ်ထင်ပါတယ်
သူရဲအလုပ်လုပ်ပုံပါ


Ajax နည်းပညာကို internet Standards အပေါ်မှာအခြေခံပြီးတည်ဆောက်ထားတာပါ
Server က data ကို ပြောင်းလဲဖို့အတွက် XMLHttpRequest ဆိုတဲ့ object ကိုသုံးထားပါတယ်
information လုပ်ဆောင်ချက်တွေကိုပြပေးဖို့အတွက် Javascript / Dom ကိုသုံးထားပါတယ်
Data ရဲ့ Design လုပ်ဖို့အတွက် Css ကိုအသုံးပြုထားပါတယ်

Google က Ajax ကို 2005 ခုနှစ်လောက်မှာပိုပြီး Popular ဖြစ်လာစေခဲ့တယ်
Google Search box ထဲမှာစာစရိုက်လိုက်တာနဲ့ Javascript က ရိုက်လိုက်တဲ့ စာကို server ကိုပို့ပေးပြီးတော့ server ကနေ return ပြန်လာတဲ့
list ကိုပြန်ပြပေးပါတယ်

အပေါ်ကနမူနာရေးထားတဲ့ ajax ကိုနည်းနည်းလောက်ရှင်းပြပေးချင်ပါတယ်
ရေးထားတဲ့ Code အောက်နားလေးမှာ div section တစ်ခုနဲ့ button တစ်ခုပါတယ်ဆိုတာသတိပြုမိမှာပါ
ကျွန်တော်က div section ကိုတော့ Server ကနေပြန်လာတဲ့ information ကို return ပြန်ပြဖို့အတွက်အသုံးပြုထားပါတယ်
Button ကိုတော့ loadXMLDoc() ဆိုတဲ့ function ကိုခေါ်ဖို့အတွက်အသုံးပြုထားခြင်းဖြစ်ပါတယ်
အရင်ဆုံးအပေါ်ကလိုမရေးခင် ရိုးရိုးလေး ရေးကြည်မယ်
<html>
<body>
<div id="myDiv"><h2>Let AJAX change this text</h2></div>
<button type="button" onclick="loadXMLDoc()">Change Content</button>
</body>
</html>


နောက်ထပ် script ကိုတော့ html ရဲ့ head section ထဲမှာပေါင်းပြီးရေးထည့်ပါတယ်
script ထဲမှာတော့  loadXMLDoc() function ကိုထည့်ရေးထားပါတယ်  ဒီတော့
<head>
<script type="text/javascript">
function loadXMLDoc()
{
.... AJAX script goes here ...
}
</script>
</head>


ဒီနေ့တော့ဒီလောက်ပါပဲ့ နောက်မှဆက်ရအောင်ဗျာ
Written by cyberoot
(MHU Team)
http://cyberoot.blogspot.com(I miss my Home)
Ref:w3schools