Wednesday, September 26, 2012

sql injection အတွက် dork တွေအသုံးပြုခြင်း

လူသစ်လေးများအတွက်ပါ ဟီး ဆရာကီးတွေပါဖူးနော်ဖတ်နဲ့  တော်ကြာရယ်နေဦးမယ်



website တစ်ခု sql injection ယိုပေါက်ဖြစ်တယ်ဆိုတာ ရှာဖို့နည်းလမ်းတွေသုံးတာကို dork လို့ခေါ်ပါတယ်
dog မဟုတ်ပါဘူး  တစ်နည်းဆိုရင်တော့ dorker လူဆိုးပေါ့ဗျာ အခြားနည်းလမ်းတွေလည်းအများကြီးရှိပါတယ်
sql injection ထိုးမယ်ဆိုရင်တော့ လက်အိတ်တစ်လုံးလိုမယ် အဲဟုတ်ပါဘူး dork လို့ခေါ်မယ့်နည်းလမ်းကိုတော့ ကင်းလို့မရပါဘူး
အဲဒီ dork ကို google ထဲမှာထည့်ပြီးရှာတဲ့အတွက် ဟက်ကာဆိုလား မသိဘူး အဲဒီ လူတွေက google dork လို့ခေါ်ပါတယ် ဟီး

Dork တဲ့? ဘာလဲမသိဘူးနော် :)

dork ဆိုတာက ကျွန်တော်တို့သုံးထားတဲ့ dork နဲ့ဆိုင်တဲ့ ရလဒ်တွေကို search engine ထဲမှာရှာပြီး results တွေပြန်ပြပေးတဲ့နည်းကို dork လို့ခေါ်ပါတယ် မှားနေရင်လည်းပြော ရမ်းရွီးကြည့်တာ
dork  ကိုသုံးခြင်းကြောင့် search လုပ်ရတဲ့ process တွေကိုမြန်မြန်ဆန်ဆန်နဲ့ တိတိကျကျလုပ်ဆောင်နိုင်ပါတယ် ဒါကြောင့် လိုချင်တာမြန်မြန်ရချင်တယ်ဆိုရင်
dorking လုပ်နည်းကိုလေ့လာကြပါလို့အကြံပေးချင်ပါတယ်ဗျာ

အဆင့် ၁ . dork တွေကိုရှာဖွေခြင်း
ပထမဆုံးကိုယ်တိုင် dork ဆိုတာကိုနားမလည်သေးတဲ့အတွက် သူများရေးထားတဲ့ dork တွေကိုစမ်းကြည့်နိုင်ပါတယ်

ဒါကတော့
kobez ရေးထားတဲ့ Dork List
http://pastebin.com/0FqmasC7

Sidesipe- ရေးထားတဲ့ Dork List
http://pastebin.com/x1rtqktj

Newsletter ရေးထားတဲ့ Dork List
http://pastebin.com/APxqavu9

အဆင့် ၂ Google အကူညီယူပြီး ကိုယ်ပိုင် dork လုပ်ခြင်း

ဒါကတော့ ကိုယ်တိုင်စမ်းရေးထားတဲ့ dork ကို google မှာထည့်ပြီး ရှာတဲ့နည်းလေးပါ
ပထမဆုံး www.google.com ကိုသွားပါ ကျွန်တော်ကတော့ ထုံးစံအတိုင်းအသုံးများတဲ့ "inurl:index.php?id=" ဆိုတဲ့ dork ကိုသုံးပါတယ်
ကဲ့ search ကိုနှိပ်ပြီး result ကိုကြည့်ပါဦး အများကြီးပဲ့ ဟီး အဲဒီမှာ ပေါ်တဲ့ url တော်တော်များများက vul ဖြစ်တတ်ပါတယ် အားလုံးကို vul ဖြစ်တယ်လို့မဆိုလိုပါဘူး
ပိုသိချင်တယ်ဆိုရင်တော့ ဦးနှောက်နည်းနည်းသုံးပေါ့ ဒါဆိုကျွန်တော်ထက်ပိုသိလိမ့်မယ် ဟီး

အဆင့် ၃. vul ဖြစ်နေသောဆိုက်များကိုရှာဖွေခြင်း     //မြန်မာဆိုက်တွေကိုရှာပြီးတော့ လက်တည့်မစမ်းပါနဲ့ တော်ကြာ အမှုပတ်နေဦးမယ် ဟီး
ok စောစောက ရှာထားတဲ့ website တွေမှာ Link တွေရှိပါတယ် အဲဒီ link တွေကိုဖွင့်ပြီး link ရဲ့ နောက်ဆုံးမှာ single quote ( ' ) or double quote ( " ) ရိုက်ပြီးစမ်းကြည့်ပါ

နမူနာ   
http://www.victimsite.com/index.php?id=123'
http://www.victimsite.com/index.php?id=123"
http://www.vulsite.com/index.php?id=process"
http://www.vulsite.com/index.php?id=process'

ကဲ့ အကြမ်းဖျင်းတော့ ဒီလောက်ပဲ့မှတ်ထားဦး နောက်ထပ်ရှာတဲ့ နည်းတွေရှိသေးတယ် ကျွန်တော်လည်းအခုမှဒါတွေမွေတုန်းပဲ့ ရှိသေးတော့ သေချာမသိသေးဘူး
အဲဒီလိုရိုက်လိုက်လို့ error တက်ပြီး ဆိုရင်တော့ အဲဒီ website က sql ယိုပေါက်ရှိတယ်ဆိုတာ သေချာသွားပါပြီ ဒါလေးကိုရွေးပြီး inject လုပ်ကြည့်ပေါ့

ဒါကတော့ မှတ်စုပေါ့
domain name အတိကျနဲ့ vul ဖြစ်နေတဲ့ဆိုက်တွေကိုရှာဖို့အတွက်သုံးတဲ့နည်းလေးပါ target တစ်ခုထားပြီးတိုက်ခိုက်တဲ့အခါ အရမ်းကိုအသုံးဝင်ပါတယ်
ဟိုတစ်လောက်က MHU & bd ဖြစ်ခဲ့တဲ့ cyber war မှာ ဟက်ကာတွေတော်တော်ကိုသုံးခဲ့မှာပဲ့ဗျ
ဘယ်လို website မျိုးကိုဟက်ချင်ပါသလဲတဲ့ ဟီး goverment or organition or ဘယ်နိုင်ငံရဲ့ဆိုက်ကို တိုက်ချင်ပါသလဲ ? ဆရာကြီးလေသံနဲ့ ဟီး

လွယ်ပါတယ်ဗျာ dork ကိုနည်းနည်းလေးပြင်လိုက်ရုံပဲ့  ဒါပေမယ့် ဒိုမိန်းတွေရဲ့အလုပ်လုပ်ပုံကိုတော့အကြမ်းအားဖြင့်သိထားမှရမှာ မသိရင် Go to Google ->
အရင်ဆုံး online မှာအသုံးများတဲ့ domain name တွေအကြောင်းအရင်ပြောကြည့်မယ်

.gov = အစိုးရနဲ့ဆိုင်တဲ့ websites
.edu = ပညာရေးနဲ့ဆိုင်တဲ့ websites
.org = အဖွဲ့စည်းနဲ့ဆိုင်တဲ့ websites
.com = အများသုံးတဲ့ websites
.info = သတင်းအချက်လက်ပေးတဲ့ websites
.net = network ချိတ်ဆက်ထားတဲ့ websites ( .com နဲ့တူပါတယ် )

ဒါဆို သတ်မှတ်ထားတဲ့ domain name တွေကိုသိပြီဆိုရင် ဘာလုပ်မှာလဲပြော မင်းမကြိုက်ရင်လာမရှုပ်ပါနဲ့တော့ ... ဟီး ဆိုက်ဘာစိုင်းစိုင်းကွ
ဆရာ ဆရာကြီးတွေသုံးခဲ့တဲ့ formula အရတော့ဒါပဲ့ထွက်တယ် "inurl:."domain"/"dorks" " ဘယ်လိုနားလည်ရမလဲဆိုရင်တော့

အခြေခံကျအောင် analysis လုပ်ကြည့်မယ်ဗျာ cyberoot is here...
"inurl" = url ကို input ထည့်မယ်
"domain" = ကျွန်တော်တို့ လုပ်ချင်တဲ့ domain  ex. .gov , .com..etx..
"dorks" = သုံးမယ့် dork


 နမူနာတစ်ခုပြောကြည့်မယ်ဗျာ, ဥပမာ orgination website တစ်ခုကို ဟက်ချင်တယ်ဆိုပါစို့..
 ဒီလိုဖြစ်သွားပါမယ်

"inurl:.org/index.php?id="

search လုပ်လိုက်တဲ့အခါမှာတော့ org နဲ့ဆိုင်တဲ့ vul ဖြစ်တဲ့ website တော်တော်များများပေါ်လာမှာပါ :)
အော် စောစောကအသုံးများဆုံးဖြစ်တဲ့ inurl ဆိုတာတစ်ခုပဲ့ရှိလားလို့မေးပါဦးမယ် ဟုတ်ကဲ့ ကျွန်တော်ဒါပဲ့သိလို့တစ်ခုပဲ့ရှိပါတယ်လို့ပြောရင်တော့ အဟားဟား ဆိုက်ဘာရုဘာမမသိဘူးဆိုပြီးပြောခံထိဦးမယ်

ဘယ်ရမလဲ ဆက်ရှင်းပြမှာပေါ့ သင်လည်းသင်ပေးရသေးတယ် ပြောလည်းခံရဦးမယ် ကိုက်ပါဘူး ပိုက်ဆံလည်းမရပဲ့နဲ့  ဟီး ဒီတော့ တိသလောက်တော့ကျောကြမယ် နင်တို့ပိုသိရင်လည်းအီးမေးလေးပို့ပြီးပြောဦးဟ

inurl ဆိုတဲ့နေရာအစားထိုးဖို့ အောက်က code တွေကျန်ပါသေးတယ်
intitle:
intext:
define:
site:
info:
link:

နည်းနည်းလေးပြောင်းသုံးကြည့်ရအောင် အပေါ်ကဟာတွေသုံးပြီး
နမူနာ  "intext:.edu/gallery?id="

နောက်ပြီး dork နဲ့ရှာတဲ့ scanner တွေရှိပါသေးတယ် Tools တွေ  , php code နဲ့ရေးထားတဲ့ scanner တွေ အများကြီးရှိပါတယ်
စိတ်မ၀င်စားဖူး ရှာထားပြီးသားလိုချင်ရင်လည်းရပါတယ် ရော့ ယူလိုက် http://pastebin.com/kVMYX0Eh

dorker တွေဖြစ်ပါတယ်  dorking ပိုင်နိုင်ပြီဆိုရင် ဟက်ကာဖြစ်ဖို့ 10% အောင်မြင်သွားပါပြီ နည်းနေရင်ကိုယ့်ဟာကိုယ်တိုး ဟီး
ဒီနေ့အဆူခံထိထားတော့ အရူးကွက်နင်းပြီးရေးလိုက်တာ ဖတ်တဲ့လူလည်းရူးသွားပြီလားမသိပါဘူး

Thanks for Reading...
Written by cyberoot.blogspot.com
Life is so bad,but i like the challenge