Sunday, September 23, 2012

ပထမခြေလှမ်း

(၁၉၈၃)ခုနှစ် ဘာဆန်ဟမ် လို့ခေါ်သူတစ်ဦးဟာ နယူးယောက်ကအင်ပါယာစတိတ်အဆောက်အဦးကိုလက်ချည်းသက်သက် တက်နိုင်ခဲ့လို့ ဂရင်းနစ်စံချိန်မှာစံချိန်တင်ပြီး"ပင့်ကူလူသား" ဆိုတဲ့အမည်တွင်ခဲ့တယ်၊

ဒီသတင်းကိုကြားတော့ အမေရိကန်မှာရှိတဲ့ အမြင့်ကြောက်ရောဂါပြန်လည်ထူထောင်ရေးအသင်းက "ပင်ကူလူသား" ဟမ်ကိုဖုန်းဆက်ပြီး ထူထောင်ရေးအသင်းရဲ့ အတိုင်ပင်ခံလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်

ကမ်းလှမ်းစာကိုရတော့ ဟမ်က အသင်းမန်နေဂျာနော်မန်ကိုဖုန်းဆက်ပြီး အဖွဲ့ဝင် နံပါတ် ( ၁၀၄၂ ) ကိုစစ်ဆေးစေခဲ့တယ်။ စစ်ဆေးကြည့်တော့ အဖွဲ့ဝင် ( ၁၀၄၂ ) ရဲ့နာမည်က ဘာဆန်ဟမ် ဖြစ်နေတာကိုတွေ့လိုက်ရတယ်

တစ်ကယ်တော့ ပင်ကူလူသား လို့အမည်တွင့်ခဲ့တဲ့ ဘာဆန်ဟမ်ကိုယ်တိုင်က အမြင့်ကြောက်ရောဂါစွဲကပ်နေသူဖြစ်တယ်

ဒါကိုသိလိုက်ရတဲ့ နော်မန်ဟာ အရမ်းအံသြသွားခဲ့ပါတယ်
ပထမထပ် ၀ရံတာမှာရပ်တာတောင်နှလုံးခုန်မြန်သူတစ်ယောက်ကမီတာ(၄၀၀) ကျော်မြင့်တဲ့ အဆောက်အဦးတစ်ခုကိုလက်ဗလာနဲ့တက်ခဲ့တယ်ဆိုတာကို သူမယုံနိုင်အောင်ဖြစ်ခဲ့တယ် ။အဲဒီအတွက်ဟမ်ကို တွေ့ဆုံမေးမြန်းဖို့ သူဆုံးဖြတ်လိုက်တယ် ဖီလဒဲဖိးယား မြို့ပြင်မှာ ရှိတဲ့ ဟမ်ရဲ့နေ
အိမ်ကိုနော်မန်ရောက်လာခဲ့တယ် . နော်မန်ရောက်တဲ့အချိန်က ဟမ်တို့အိမ်မှာ ဧည့်ခံပွဲလေးတစ်ခုကျင်းပနေချိန်ဖြစ်ပြီး အဘွားအိုတစ်ဦးကို သတင်းထောက်တွေက ၀ိုင်းရံပြီး မေးမြန်းနေချိန်ဖြစ်ပါတယ်

အဘွားအိုက အသက် (၉၄) နှစ်ရှိပြီဖြစ်တဲ့ ဟမ်ရဲ့အဘွားဖြစ်တယ်။အဘွားအိုဟာ ဟမ် ဂရင်းနှစ်စံချိန်ဝင်ခဲ့တဲ့သတင်းကိုကြားလို့ ကီလိုမီတာ (၁၀၀) အဝေးကနေ ခြေကျင်လာခဲ့တာဖြစ်တယ်။
လမ်းလျှောက်လာရတဲ့ ရည်ရွယ်ချက်ကလည်း ဟမ်ရဲ့အောင်မြင်မှုကို အရောင်ထပ်ဖြည့်ပေးစေချင်တဲ့ ဆန္နကြောင့်ဖြစ်တယ်။ သူရဲ့ ဒီလိုဆန္ဒ က လူအို တစ်ယောက်ဟာ ကီလိုမီတာ (၁၀၀) ကျော်ကိုခြေကျင်လျှောက်ခဲ့တယ်ဆိုတဲ့ ကမ္ဘာ္ဘာစံချိန်ကို ချိုးပြန်ခဲ့တယ်

"နယူယောက်တိုင်း" သတင်းထောက်တစ်ဦးကအဘွားအိုကို "ခြေကျင်လာဖို့ဆုံးဖြတ်ချိန်မှာ ကိုယ့်အသက်ရွယ်ကြောင့်မတုန်လှုပ်ခဲ့ဘူးလား " လို့မေးတယ်။

လူငယ်လူရွယ်တွေအတွက်တော့ ( ၁၀၀ )ကီလိုမီတာကိုမနားတမ်းပြေးနိုင်ပေမယ့်ကျွန်မအတွက်တော့ သတ္တိဆိုတာ လိုခဲ့တယ် ၊ ဒါပေမယ့် ခြေလမ်းတစ်လှမ်းအတွက်က သတ္တိမလိုခဲ့ပါဘူး ဒါကြောင့် ကျွန်မ ပထမဆုံးခြေလှမ်းကို အရင်စလှမ်းတယ်။ ပြီးရင်နောက်တစ်လှမ်းကိုဆက်လှမ်းတယ် 
တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုံးမှာ (၁၀၀) ကီလိုမီတာကို ကျွန်မလျှောက်ပြီးသားဖြစ်သွားပါတယ် ကျွန်မကဒီလိုလျှောက်လာခဲ့တာပါ

အဘွားအိုရဲ့စကားကိုနားထောင်ပြီး နော်မန်ဟာ သဘောပေါက်သွားခဲ့တယ် ။ အမြင့်ကြောက်ရောဂါရှိသူ ဟမ်က အဆောက်ဦးကိုတက်ဖို့ ပထမခြေလှမ်းအတွက် သတ္တိတွေထည့်ခဲ့ရတယ် ။အဲဒီ သတ္တိကြောင့် သူရဲ့ အမြင့်ကြောက်ရောဂါက အလိုလိုနေရင်း ပျောက်သွားခဲ့တယ်

ထူးဆန်းအံသြမှုကိုဖန်တီးနိုင်သူတိုင်းဟာ ပထမခြေလှမ်း စလှမ်းရဲ့တဲ့ သတ္တိရှိရုံတင်မက အဲဒီ နဂိုသတ္တိလေးကိုနောက်ဆုံး အထိ ကြံကြံခံနိုင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ် ပထမခြေလှမ်းစလှမ်းရဲပြီဆိုတာနဲ့ နောက်တစ်လှမ်းဆက်ဖို့က မခက်ခဲ့တော့ပါဘူး

မူရင်း --ပြုစုသူ   Liu Yanmin
နိုင်းနိုင်းစနေ ရေးတဲ့ ပထမခြေလှမ်း ကို ဒီနေ့ဖတ်မိလို့ပြန်တင်ပေးလိုက်ပါတယ်

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot