Break and Continue Statements
break statement ဆိုတာက looping ပတ်တဲ့ statement ကို ရပ်တန့်ပြီး looping လုပ်
လုပ်လို့ပြီးတဲ့အခါ နောက်က code ကိုဆက်လက်အလုပ်လုပ်စေပါတယ်
ဥပမာ
<htmll>
<body>
<script type="text/javascript">
var i=0;
for (i=0; i <= 10 ; i++)
{
if ( i == 3 )
{
break;
}
document.write("The number is " + i );
document.write("<br/>");
}
</script>
</body>
</html>
ကျွန်တော်တို့ရဲ့ Output ကတော့
*******************************
The number is 0
The number is 1
The number is 2
*******************************
ဖြစ်ပါတယ်
ရှင်းလင်းချက်
line 4 => variable i ကို 0 လို့သတ်မှတ်ထားပါတယ်
line 5 => for loop သုံးပြီး i ကို 10 နဲ့ ညီ သို့ ငယ်ရင် ဆက်လုပ်လို့ သတ်မှတ်ထားပါတယ် ပြီးတော့ တစ်ခါ loop လုပ်တိုင်း i တန်ဖိုးကို 1 ပေါင်းသွားမှာပါ
line 7 => if ( i == 3 ) ဆိုပြီး i တန်ဖိုးကို 3 နဲ့ညီရင် ဆိုပြီး condition စစ်ထားပါတယ်
line 9 => break; statement သုံးပြီး အပေါ်က 3 တန်ဖိုးနဲ့ ညီခဲ့ရင် condition ကနေထွက်သွားမှာပါ
line 11 =>document.write သုံးပြီး i တန်ဖိုးကို print ထုတ်ပြမှာပါ
အဆင်ပြေမယ်ထင်ပါတယ်
နောက်တစ်ခုကတော့ continue Statement ပါ
သူကတော့ သတ်မှတ်ထားတဲ့ အခြေနေမှန်ခဲ့ရင်တော့လက်ရှိ loop ကနေထွက်ပြီး နောက်ထပ် statement ကိုဆက်လက်အလုပ်လုပ်စေပါတယ်
ဘယ်လိုမျိုးလဲဆိုတော့
<html>
<body>
<script type="text/javascript">
var i=0
for (i=0;i<=10;i++)
{
if (i==3)
{
continue;
}
document.write("The number is " + i);
document.write("<br />");
}
</script>
</body>
</html>
ထွက်လာတဲ့အဖြေကတော့
***************************************
The number is 0
The number is 1
The number is 2
The number is 4
The number is 5
The number is 6
The number is 7
The number is 8
The number is 9
The number is 10
****************************************
ရှင်းလင်းချက်
line 7 => တစ်ကယ်လို့ i တန်ဖိုးသာ 3 နဲ့ညီခဲ့ရင်
line 9 => continue statement ကိုသုံးထားတဲ့အတွက် သူကိုအလုပ်မလုပ်ပဲ့ကျော်သွားပြီး loop ထဲ့က နောက် statement တစ်ခုကို ဆက်လုပ်စေမှာပါ
အဆင်ပြေပါစေ
Thanks for Reading..
Written by cyberoot.blogspot.com
No comments:
Post a Comment
Thanks for your comments
Welcome from cyberoot