JavaScript Switch Statement
အရင်ကကျွန်တော်တို့ပြောခဲ့ ကြတယ်နော်
conditional statement ဆိုတာက မတူညီတဲ့ အခြေနေပေါ်မှာ မတူညီတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့ အသုံးပြုတယ်ဆိုတာ
code ရဲ့ block တွေအများကြီးထဲ့ကမှ တစ်ခုကိုပဲ့ execute လုပ်ချင်တယ်ဆိုရင်တော့ switch statement ကိုအသုံးပြုရပါမယ်
Syntax
switch ( condition )
{
case 1:
// case 1 ဖြစ်ရင်ဒါကိုလုပ်
break;
case 2:
// case 2 ဖြစ်ရင် ဒါကိုလုပ်
break;
case 3:
//case 3 ဖြစ်ရင်ဒါကိုလုပ်
break;
default :
//အပေါ်ကဟာတွေမဟုတ်ဘူးဆိုရင် ဒါကိုလုပ်ပါ
}
ဘာလိုအလုပ်လုပ်လဲဆိုရင် ပထမဆုံး ကျွန်တော်သတ်မှတ်ထားတဲ့ condition ဆိုတဲ့ single expression တစ်ခုရှိပါတယ်
ပြီးတော့ ဒါကလည်း ( variable ) ဖြစ်ဖို့များပါတယ်
expression ရဲ့ တန်ဖိုးနဲ့ structure ထဲမှာရှိတဲ့ case တစ်ခုစီရဲ့တန်ဖိုးနဲ့ နှိုင်းယှဉ်ပြီး ပြီး ရှာပါတယ်
တစ်ကယ်လို့ expression value နဲ့ case value တူညီခဲ့တယ်ဆိုရင်တော့ အဲဒီ case နဲ့ဆက်စပ်ပြီး ဒီ case ရဲ့
code ကိုအလုပ်လုပ်စေမှာပါ ပြီးတော့ break; ဆိုတဲ့ ဟာကို သုံးထားတာကလည်း အဲဒီ case မဟုတ်ဘူးဆိုရင် နောက်ထပ်အခြား case
တစ်ခုကို ဆက်ပြီး auto စစ်အောင်ရေးထားတာပါ
နမူနာလေးကိုလေ့လာကြည့်ပါ
<script type="text/javascript">
var d = new Date();
var day = d.getDay();
switch ( day )
{
case 5:
document.write("Today is Friday");
break;
case 6:
document.write("Super Saturday
case 0:
document.write("I happy Day");
break;
default:
document.write("Do you want to know what day is?");
}
</script>
ရှင်းလင်းချက်
line 2 => Date() ကို new keyword သုံးပြီး d ဆိုတဲ့ variable တစ်ခုဖန်တီးပါတယ်
line 3 => လက်ရှိနေ့ကို စောစောက d နဲ့ getDay() သုံးပြီး day ဆိုတဲ့ variable တစ်ခုကိုဖန်တီးပါတယ်
line 4 => ဘာနေ့လဲဆိုတာကိုသိအောင် day ကို switch နဲ့ condition စစ်ပါတယ်
မှတ်ချက်၊ ၊ getDay() က 0 to 6 ကို return ပြန်ပါတယ် ဒါကြောင့် 0 - 6 နဲ့ case value နှိုင်းယှဉ်ထားတာပါ
No comments:
Post a Comment
Thanks for your comments
Welcome from cyberoot