Thursday, August 2, 2012

File Function

File Function ရေးသားနည်း

File တွေကို php သုံးပြီးဖန်တီးမယ်ပြီးတော့ file ထဲမှာ စာသားတွေရေးကြည့်ရအောင်
ကျွန်တော်ကတော့ အဲဒါတွေလုပ်ဆောင်ဖို့  fopen နဲ့ fclose ဆိုတဲ့ php function နှစ်ခုကိုအသုံးပြုမှာပါ
ဖိုင်တည်ဆောက်ပုံစံ

<?php
$file="cyberoot.txt";    // file name ကတော့ cyberoot ပါ ပြီးတော့ဒါက .txt အမျိုးစားဖြစ်ပြီး text ဖိုင်ဖြစ်ပါတယ်ဆိုတာပြောတာပါ
$filehandle=fopen($file,'w') or die("i Can not write in file");
fcolse($filehandle);     //ဒီမှာတော့ file ကိုပိတ်ဖို့အတွက်  fclose function ကိုအသုံးပြုထားပါတယ်
?>

အဟမ်း ကျွန်တော့်ဝါသနာအတိုင်းပဲ့သိတာတွေကိုပြောပြချင်ပါတယ် ကောင်မလေးအကြောင်းကလွဲရင်ပေါ့ ဟီး
အပေါ်က code ကိုတစ်ကြောင်းချင်းစီ အဖြေရှာရအောင်
line 2 => မှာတော့ $file ဆိုတဲ့ variable ကိုကြေငြာထားပါတယ်
$filehandle=fopen($file,'w') or die("i Can not write in file");
line 3 => $filehandle ဆိုပြီး variable တစ်ခုတည်ဆောက်ပါတယ် ပြီးတော့ fopen function ကို prameter 2 ပေးထားပါတယ်
ပထမ prameter ကတော့ $file ကိုဖွင့်မယ်ဆိုတာကိုရည်ညွန်းပါတယ် . ဒုတိယ parameter 'w' ကတော့ write လုပ်မယ်လို့အဓိပါယ်ရပါတယ်


file ထဲမှာရေးသားနည်း
အခုဆိုရင်အပေါ်က ရေးနည်းလေးကိုနားလည်လောက်ပြီဆိုတော့ file တွေကို ဘယ်လိုဖွင့်ပြီး ပြန်ပိတ်ရမယ်ဆိုတာသိပြီးလောက်ပါပြီ
ဒီတော့ အဲဒီ file ထဲမှာစာတွေဘယ်လိုရေးမလဲဆိုတာကိုဆက်လက်လေ့လာလိုက်ရအောင်
ဖိုင်တွေရေးသားနည်းကဘယ်လိုအတွက်အသုံးဝင်လဲဆိုရင်တော့ ဥပမာပြောရရင်
chat log တွေ / ip ခိုးနည်းတွေ / publishing လုပ်တဲ့ အခါ password ကို create သို့မဟုတ် purchase log & register logတွေလုပ်လို့ရပါတယ်
အောက်မှာရေးသားနည်းကိုလေ့လာကြည့်ပါ

<?php
$data="Hello! Welcome form mmhackforum.com & cyberoot.blogpsot.com";
fwrite($filehandle,$data);
fclose($file);  //fcolse function ကိုနောက်ဆုံးမှာအမြဲတမ်းအသုံးပြုသင့်ပါတယ်
?>

အခုဆိုရင် ကျွန်တော်က $data ဆိုတဲ့ variable တစ်ခုဖန်တီးပြီး "Helo! ဘာညာဘာညာ ဆိုပြီးရေးထားပါတယ်"
fwrite($filehandle,$data);
ဆိုတာကတော့  fwrite function ကိုသုံးထားပါတယ်ပြီးတော့ $filehandle variable ကိုအသုံးပြုထားတယ် text file ထဲမှာတော့ $data ထဲက စာတွေကိုရေးသားထားပါတယ်
အပေါ်ဆုံးက 'w' နေရာမှာ $data ဆိုတဲ့ variable ကိုသုံးထားတာသတိ ပြုမိမှာပါအပေါ်မှာသုံးထားတဲ့ 'w' ဆိုတာက file ရဲ့အစကနေပြီး
စရေးမယ်လိုဆိုတာပါ တစ်ကယ်လို့ 'a' လို့အသုံးပြုမယ်ဆိုရင် text file ရဲ့နောက်ဆုံးကနေစရေးမှာဖြစ်ပါတယ်

ဖိုင်ဖတ်နည်း
 ဖိုင်တွေ ဖန်တီးတာ၊ဖွင့်တာ၊ပိတ်တာ၊ရေးသားနည်းတွေကိုလေ့လာခဲ့ပြီးပါပြီ
အခုဆိုရင်တော့ file ထဲက text တွေကို webpage မှာဘယ်လိုပြမယ်ဆိုတာ ဆက်လက်လေ့လာကြည်ရအောင်

<?php
$fileName="yourfile.txt";
$filehandle=fopen($fileName,'r');     // အခုဆိုရင် w မဟုတ်တော့ဘူး r ဖြစ်သွားပါပြီ
?>
အပေါ်ကရေးနည်းနဲ့ ဆင်ပါတယ် r နဲ့ w ပဲ့ကွာသွားတာပါ
'r' ဆိုတာက file ကို read လုပ်တာပါ
'w' ဆိုရင်တော့ write လုပ်မယ်ဆိုတဲ့ အဓိပါယ်ပါ

file ကို Upload လုပ်နည်း
file တွေ upload လုပ်တာနည်းနည်းလေးတော့ခက်ခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ html နဲ့ php code တွေကိုပေါင်းပြီးရေးရတဲ့အတွက်ကြောင့်ပါပဲ့
ခက်တယ်ဆိုတော့ သိပ်ပြီးလန့်မသွားနဲ့ဦး လုံးဝမလုပ်ဖူးတဲ့သူတွေအတွက်ခက်တယ်လို့ပြောတာ
နည်းနည်းပါးပါးသိတဲ့လူဆိုရင်တော့ အေးဆေးပါ ဟီး
ဒီတော့ ကျွန်တော်က html နဲ့ uplaod form တစ်ခုရေးပါမယ်

<form action="upload.php" enctype="multipart/form-data" method="post">
<input type="hidden" name="MAX_FILE_SIZE" value="100000"/>
<h3>Choose File </h3><br/>
<input type="file" name="file"/><br/>
<input type="submit" value="Upload" />
</form>
action="upload.php" ဆိုတာက submit ကိုနိပ်လိုက်တဲ့အခါမှာ ကျွန်တော်တို့ form က upload.php ကို data ပို့ပေးမှာပါ
enctype="multipart/form-data" ဆိုတာက php function အလုပ်လုပ်တဲ့အခါ enctype လုပ်တာပါ
image တွေ upload လုပ်တဲ့အခါ enctype="multipar/form-data"  ဆိုတာကိုလုံးဝကျန်ခဲ့လို့မရပါဘူး
input type="hidden" name="MAX_FILE_SIZE" value="100000"  ဆိုတာက file size ကို 100KB ထက်ကျော်လို့မရဘူးလို့သတ်မှတ်ပေးထားတာပါ

အဟမ်း ဟုတ်တော့ဟုတ်နေပါပြီ html upload page လေးတော့ပြီးသွားပြီ
PHP နဲ့ဆက်ဆွဲမယ် ဟေ့

<?php
$file_path="folder/"; // ကျွန်တော်တို့ သိမ်းမယ့် file ရဲ့ နေရာကို folder လိုနာမည်ပေးထားပြီးလမ်းကြောင်းကိုညွန်ပေးထားပါတယ်
$file_path=$file_path .  basename ( $_FILES['file']['name']);
if(move_uploaded_file($FILES['file']['tmp_name'],$file_path)){
echo "file has been upload!  :)  ";
}else{
echo "Fail file Upload :(  !";
}
?>

အပေါ်က code မှာကျွန်တော်က move_uploaded_file function ကိုသုံးထားပါတယ် ဒီ function က ကျွန်တော်တို့ file ကို move လုပ်မယ်
နေရာကို လမ်းကြောင်းပြပေးဖို့လိုပါတယ် လမ်းကြောင်းကိုတော့ temporary file ကိုညွန်းပေးထားပါတယ် file ကို upload လုပ်ပြီးတဲ့အခါမှာတော့
file have been upload ဆိုတဲ့ message ကိုပြပေးမှာပါ ဒါမဟုတ်ဘူးဆိုရင်တော့ error message လေးကို လက်ဆောင်ပေးမှာပါ

Thanks for Reading..
Written by cyberoot1@gmail.com
Ref:Epatron from  Finland! :)

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot