Cross Site Scripting
user တစ်ယောက်က milicious data တွေကို website ထဲကိုထည့်တဲ့အခါ XSS ဆိုတာကိုတွေ့ရပါတယ်
Xss တိုက်ခိုက်ခြင်းဟာ အလွန် popular ဖြစ်တဲ့ တိုက်ခိုက်နည်းတစ်ခုဖြစ်ပြီး website ကြီးကြီးတွေတောင်ခံသွားရတတ်ပါတယ်
အောက်က ဆရာကီးတွေလည်းပါဖူးတာပေါ့
FBI,CNN,Ebay,Apple,Microsoft,နဲ့ AOL
website တွေရဲ့ vul ဖြစ်များတဲ့ fetaure တစ်ခုဖြစ်တဲ့ xss တိုက်ခိုက်နည်းကတော့ အောက်ကဟာတွေကနေဖြစ်သွားတာပါ
Search Engines
Login Forms
Comment Fields
XSS တိုက်ခိုက်နည်း သုံးနည်းရှိပါတယ်
1->Local - Local attack
2->Non-Persistent attack
3->Persistent attack
ပထမ ကတော့ Local - Local Xss attack နည်းကတော့ နည်းနည်းလေး လက်ပေါက်ကတ်ပါတယ်ပြီးတော့ တော်တော်လေးလည်း အသုံးပြုတာရှားပါလာပါတယ်
ဒီလိုတိုက်ခိုက်ဖို့အတွက် brower vulnerability exploit လိုအပ်ပါတယ် ဒီလိုတိုက်ခိုက်နည်းဖြင့် hacker က worms,spambots,and backdoors တွေကိုသင့်ရဲ့
web ပေါ်ကနေတစ်ဆင့် computer ပေါ်မှာ install လုပ်သွားနိုင်ပါတယ်
ဒုတိယ တိုက်ခိုက်နည်းကတော့ non-persistent လို့ခေါ်ပါတယ်
No-Persistent တိုက်ခိုက်နည်းကတော့ အသုံးများတဲ့နည်းတစ်ခုဆိုလည်းမမှားပါဘူးဗျာ
တစ်ကယ့် website ကို ထိခိုက်စေတာတော့မဟုတ်ပါဘူး
html or javascript code တွေကို variable ထဲ့ထည့်လိုက်တဲ့အခါမှာ ထွက်လာတဲ့ output ကပြောင်းလဲသွားတာကို သူငယ်ချင်းများ တွေမြင်ဖူးကြမှာ
အဲလိုတိုက်ခိုက်တာကို non-persistent attack လို့ခေါ်ပါတယ်
ဒီနည်းကတော့ attacker က url ထဲကို html code ထည့်ထားတဲ့ အတွက် အဲဒီ url ကိုနှိပ်တဲ့ user တွေကသာ မြင်ရမှာပါ
user က url ကို visit လုပ်တဲ့အချိန်မှာပဲ့ active ဖြစ်တဲ့အတွက် သင့်ရဲ့ဆိုက်လေးက ok နေပါသေးတယ် ဟီး ကံကောင်းသေးတာပေါ့ဗျာ
တတိယနည်းကတော့ persistent တိုက်ခိုက်နည်းပါပဲ့ အဲဒီနည်းကတော့ ပုံမှန်အားဖြင့် web application တွေဖြစ်တဲ့ guest books ,forums , နဲ့ shout boxs
လိုမျိုးတွေကို အသုံးပြုပြီး user ဖက်မှတိုက်ခိုက်သွားတာပါပဲ့ အဲဒီနည်းကိုသုံးပြီး hacker တွေသုံးနိုင်တဲ့နည်းကတော့
Steal website cookies တွေကိုခိုးတာပဲ့ cookies ဆိုတာကိုသိကြပါသလား ကျွန်တော်သိတာကတော့ မုန့် ပဲ့ ဟီး စားလို့ရတယ်လေ ဟုတ်ပါတယ်
Cookies ဆိုတာကတော့ user ကနေ login ၀င်ချိန်ကစပြီး website တစ်ခုထဲကနေ မထွက်ချင်း brower ကနေ user infomation ကို web browser က store လုပ်ထားတဲ့
data ကိုပြောတာပါ ဒါကြောင့် cookies သုံးပြီး ရေးတဲ့ web developer များသတိထားစေချင်ပါတယ် ကျွန်တော်ကတော့ $session_start() ကိုပဲ့သုံးတယ် ဟီး
အဲလို cookies ကို ခိုးယူခြင်းဖြင့် attacker က user ရဲ့ password ကို မသိပဲ့ login ၀င်နိုင်မှာဖြစ်ပါတယ် အဲဒါကိုသုံးဖို့ http_live header နဲ့သုံးရင်ပိုကောင်းတယ်
ကြုံတုန်းလမ်းပြပေးလိုက်တာ
အဲတော့ နောက်တစ်ဆင့်ကတော့ attacker က သင့်ရဲ့ဆိုက်ကို deface (အိုးမည်းသုတ်ပြီပေါ့)
ကျေနပ်လားဆိုတော့ web ကို ရတော့ အဆင်မပြေသေးဘူးတဲ့ credit card ခိုးချင်သေးတယ်တဲ့ အဲတော့ attacker က worms နဲ့ bot တွေကို spread လုပ်ထားခဲ့မှာပါ
အဆင်ပြေတယ်ဆိုရင် backdoor လေးဖောက်ထားခဲ့မှာသေချာပါတယ်
ဒီလောက်ဆိုရင် Cross Site scription အကြောင်းကိုတော်တော်လေးသိလောက်ပြီပေါ့ ကျွန်တော်တော့သိပ်မသိသေးဘူး ဆက်လေ့လာရအောင်ဗျာ
website တစ်ခုက xss vul ဖြစ်တယ်ဆိုတာ ကျွန်တော်တို ဘယ်လိုသိနိုင်မလဲ ဆိုတာပါ
search လုပ်တဲ့ နေရာတစ်ခုကိုတွေ့တယ်ဆိုပါစို့ စာတစ်လုံးလောက်ရိုက်ထည့်ပြီးစမ်းကြည်ပါ
တစ်ကယ်လို့ အဲဒီစာလုံးက နောက်ထပ် page တစ်ခုပေါ်ကိုပြန်ရောက်သွားတယ်ဆိုရင်တော့ အဲဒီ website ဟာ vulnerable ဖြစ်နိုင်ခြေရှိပါပြီ
ဒါဆိုရင်နောက်တစ်ဆင့်တက်ရအောင် html ကုတ်ကို ထည့်ကြည့်ရအောင် <h1>Test by Cyberoot</h1>
အဲဒီ html code ကိုထည့်လိုက်လို့ Test by Cyberoot ဆိုတာက စာလုံးအကြီးနဲ့ပေါ်နေရင် သေချာပါတယ် အဲဒီ site က vulnerable ဖြစ်နေပါတယ်
js code နဲ့ပါ ထပ်စမ်းကြည့်ရအောင် "<script>alert("Test by cyberoot")</script>" ဒါဆိုရင် alert box လေးနဲ့ Test by cyberoot ဆိုတာတက်လာမှာပါ
ဒီလိုတက်လာတဲ့ vul နည်းကတော့ non-persistent attack နည်းနော် အပေါ်မှာရှင်းပြပြီးပြီ
PHP နဲ့ JavaScript ရဲ့ coding ကျွမ်းကျင်မှုအပေါ်မူတည်ပြီး attacker က cookie ခိုးနိုင်တယ် ပြီးတော့ xss worms တွေကို spread လုပ်နိုင်ပါတယ်
xss shell တောင်တင်သွားနိုင်ပါတယ်
xss အကူညီယူပြီး hacker တွေက phishing လုပ်တဲ့ ဥပမာကို ကျွန်တော်ပြပါမယ်
ဆိုကြပါစို့ hacker တစ်ယောက်က www.victim.com ဆိုတဲ့ ဆိုက်က password ကို phish လုပ်ချင်တယ်ဆိုရင် သူက ပထမဆုံး အဲဒီ victim.com ရဲ့ xss vul
ကိုရှာပါမယ် တွေ့ပြီဆိုရင်တော့ Hacker လုပ်ထားတဲ့ phishing webiste ကို စောစောက victim site ကနေ url link ကို redirect လုပ်ပေးလိုက်တာပါပဲ့
code ကို ဒီလိုထည့်သွင်းလိုက်တာပါ
<script>window.location ="http//phishing.com"</script>
အဲလိုလုပ်ထားတဲ့ link ကိုသွားတဲ့အခါ တစ်ကယ် web address ကို ဟက်ကာက encode လုပ်ထားလိုက်ရင် user အနေနဲ့မသိတော့ပါဘူး
ဒါဆိုရင် website ရဲ့ မူရင်း link က ဘယ်ကို ရောက်မယ်ဆိုတာ မသိတဲ့အတွက် user အနေနဲ့ phishing တိုက်ခိုက်ခံရဖို့ နည်းလမ်းပိုများသွားပါတယ်
ဒါပေမယ်နောက်ပိုင်းတော်တော်များများတော့ အဲဒီ phishing ကိုနားလည်လာတာတွေရပါတယ်
အဆင်ပြေပါစေဗျာ
Written by cyberoot
Ref:Hacker Handbook
Thanks for Reading
No comments:
Post a Comment
Thanks for your comments
Welcome from cyberoot