Friday, July 27, 2012

CMS or Dreamweaver

အဲဒီတစ်ခေါက်တော့ CMS နဲ့ Dreamweaver အကြောင်းဆွေးနွေးရအောင်
ကျွန်တော်တို့ ကျောင်တက်တုန်းက second year မှာ dreamweaver သင်တယ်လေ
မှတ်မိသေးလား အဲဒီတုန်းက ကျွန်တော်မှာ စာအုပ်တောင်မရှိဘူး ဟီး စာသင်ချိန်ဆိုရေသွားကူးတယ်
အဲဒါ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ အကျင့်ပါ တစ်ခါတစ်လေ cyberoot မူးတောင်မူးတယ် ဟီး
ကျောင်းတက်တုန်းက dreamweaver ဆိုတာပဲ့ သိတာ ဘာလုပ်ရလဲဆိုတာမသိဘူးလေ
မသိတော့ စိတ်မ၀င်စား ။စိတ်မ၀င်စားတော့ မတတ်ဘူး အဖြေကရှင်းတယ်
ဒီတော့ နောက်ပိုင်း website တွေရေးလာတဲ့အခါ dreamweaver ကို တော်တော်လေးသုံးလာကြပါတယ်
မြန်မာနိုင်ငံမှာပေါ့ ဟီး နိုင်ငံခြားမှာတော့ အဲဒါတွေသိပ်မသုံးဖူးလို့ထင်တယ်
ဘယ်သုံးမလဲ သူတို့က Css ဆို ဆရာကီးတွေဗျ
ကြုံတုန်း အမှန်တိုင်းပြောရရင် ကျွန်တော်လည်း အခုထိ dereamweaver မသုံးသေးဘူး  ဆရာတော့မဟုတ်ဘူး
အဲဒါကို ဘယ်လိုသုံးရမယ်ဆိုတာကို မသိလို့ ကောင်းရော ဗျာဟီး
တစ်ချို့လူတွေက မေးနေကြတာကြားဖူးပါတယ် CMS နဲ့ Dreamweaver နှစ်ခုထဲက ဘာကိုလေ့လာသင့်လဲတဲ့
အဲဒီမေးခွန်းကိုမဖြေခင် CMS အကြောင်းကိုကျွန်တော်အရင်ပြောချင်ပါတယ်

CMS ဆိုတာဘာလဲ?

CMS ဆိုတာကတော့ တိုတိုရေးထားတာပါ သူရဲ့ အဓိပါယ်အပြည့်စုံကတော့ Content Management System ပါ
မြန်မာလိုပြန်ရင်တော့ ခေါင်းစဉ်တွေကို စီမံခန့်ခွဲတဲ့ စနစ်တစ်ခုပေါ့ ဟုတ်ဘူးလား
သူက web ကိုအခြေခံပြီးရေးရတာပါ ဒါက ကျွန်တော်တို့ server ပေါ်ကို file & mage တွေ upload လုပ်နိုင်ပါတယ်ပြီးတော့
လုပ်ဆောင်ချက်အများကြီး ကိုလည်း အဲဒီ CMS မှာလုပ်ဆောင်နိုင်ပါတယ်
ဆိုပါစို့ စားသောက်ဆိုင်တစ်ဆိုင်လိုမျိုး ကျွန်တော်တို့ စဉ်းစားလို့ရပါတယ်
ကျွန်တော်တို့က နေရာတွေအတွက် ဘယ်စားပွဲက ဘယ်နားမှာထားတယ်ဆိုသလိုပေါ့ ပြီးတော့
ဟင်းတွေကိုလည်း ကျွန်တော်တို့ ချက်ပြီးဘယ်စားပွဲမှာချမလဲဆိုတာမျိုးပါ

အဲ Dreamweaver ကျတော့အဲလိုမျိုးမဟုတ်တော့ပါဘူး သူကတော့ အလှဆင်တဲ့ မီးသီးနဲ့တူပါတယ် ဂျာ
ဆိုင်တစ်ဆိုင်မှာ စားပွဲ အနေထားနဲ့ လက်ရာကိုတော့ CMS လို့ သဘောထားပြီး နေရာချထားနိုင်ပါတယ်
 Dreamweaver ကိုတော့ ဆိုင်မှာ အလှဆင်မယ်မီးတန်းလေးလို ဘယ်မှာနားရင် ပိုလှမယ်ဆိုတာ တွေးနိုင်ပါတယ်
 ရေးရင်းရေးရင်းနဲ့ စားသောက်ဆိုင်ထဲရောက်နေသလိုခံစားရတယ် ဗိုက်တောင်ဆာလာပြီ
 ဒါကိုလေ့လာခြင်းဖြင့် ကျွန်တော်တို့မှာကောင်းတဲ့အချက်နှစ်ချက်ရမှာပါ ဒီထက်လည်းပိုနိုင်ပါတယ်
 ပထမကတော့ web designer ဖြစ်လာမှာပါ
 ဒုတိယကတော့ အကောင်းဆုံး website တွေကို တည်ဆောက်နိုင်လာမယ်

 အခုမှစောစောကအဖြေကိုပြန်ဖြေလိုက်ပါတယ်
 Dreamweaver နဲ့ Joomla ဆိုတာ ပန်းသီး နဲ့ လိမ္မော်သီးလိုပါပဲ့
 DW ဆိုတာက web design software တစ်ခုပါ
 Joomla,Wordpress,Drupal ဆိုတာက CMS packages ပဲ့ဖြစ်ပါတယ်
 html နဲ့ Css ကို သုံးပြီး ကိုယ်တိုင် CMS ကိုလည်းရေးနိုင်ပါသေးတယ်
 ကျွန်တော်ကတော့ ကိုယ်တိုင်ပဲ့ CMS ကိုရေးတယ် ဘာလို့လဲဆိုတော့ အဲဒီနေရာမှာ security အကြောင်းကိုကျွန်တော်စဉ်းစားမိလို့ပါ
 အကယ်ရှ် ကျွန်တော်တို့က အလွယ်တစ်ကူရတဲ့ ကုန်ကုန်ပြောရင် အလကားရတဲ့ package တစ်ခုကို အသုံးပြုပြီး website တစ်ခုဖန်တီးမယ်
အခုဖန်တီးလိုက်တဲ့ website က အခုချိန်မှာတော့အဆင်ပြေမှာပါ  နောက်ပိုင်း hacker တွေက ကျွန်တော်တို့သုံးထားတဲ့ package ရဲ့ အားနည်းချက်ကိုရှာပြီး
expolit ရေးမယ်ဆိုရင် အရင်ကလုံတဲ့ website က အခုဆိုအလုပ်မဖြစ်တော့ပါဘူး
မယုံဘူးဆိုရင် ခင်ဗျားကိုယ်တိုင် package တစ်ခုဒေါင်းလုပ်ဆွဲပြီး vulnerable ရှာကြည့်ပါလား upload path တွေတွေ့ရင်မှတ်ထား
ပြီးရင် အင်တာနက်ပေါ်တက်စမ်းကြည့် ကျွမ်းကျင်နားလည်မှုအပေါ်မူတည်ပြီး ရနိုင်ပါတယ်
ခင်ဗျားမရဘူးဆိုရင်လည်း Google မှာ joomla or WordPress expolit ဆိုပြီးရိုက်ရှာကြည့် အများကြီးပဲ့ဗျ
ဒါကြောင့်အရေးကြီးတာက pure coding ပါ နောက်ပိုင်းစိတ်ဝင်စားတယ်ဆိုရင် JS,Jquery တွေကိုဆက်လေ့လာနိုင်တယ်လေ

Thanks  for Reading
Written by Cyberoot
Ref:Stefan Mischook ရဲ့ရေးသားမှုအပေါ် cyberoot တော်ကီပစ် ရေးသားသည် ဟီး
သူရေးတာ security  & concept မပါဘူး

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot