သို့ အဖေ...
အဖေဆုံးသွားတာအခုဆို လေးနှစ်ကျော်ရှိပြီနော်
ကျွန်တော်အဖေကိုသတိရတယ် အရင်တုန်းက အဖေနဲ့ကျွန်တော် ဆိုက္ကားတွန်းတာကို ကျွန်တော်အခုထိမှတ်မိနေသေးတယ်
လူတွေအကုန်လုံးအိပ်လို့ကောင်းနေတဲ့အချိန်မှာ ကျွန်တော်တို့ နှစ်ယောက် ဆိုက္ကားပေါ်တင်ထားတဲ့သခွားသီးအိပ်တွေကို တောင်ကုန်းပေါ်ကိုတွန်းနေကြတယ်လေ
ဈေးရောက်လို့ ပစ္စည်းချပြီး ကျောင်းကဆရာမကိုတွေ့တော့ ရှက်လိုက်တာလည်း မပြောချင်တော့ဘူး ဒါပေမယ့် ကျွန်တော်ကို ဆရာမက ဘ၀ဆိုတာ ဒီလိုပဲ့ ဆိုတဲ့ စကားတစ်ခွန်းနဲ့
ဖြောင်းဖြခဲ့သေးတယ်ဆိုတာလည်း အခုထိ ရင်ထဲမှာအမှတ်ရနေသေးတယ်
ငယ်ငယ်တုန်းက သူများအိမ်မှာ အလုပ်လုပ်ရင်း ကျောင်းတက်တဲ့ကျွန်တော်လေ ဘယ်လောက်အနှိပ်ခံထိလဲဆိုတာ ကျွန်တော်အဖေနဲ့အမေကိုမပြောပြခဲ့ပါဘူး
ကျွန်တော်ကိုယ်ဟာကိုယ် အရမ်းကို နာကျည်းခဲ့ပါတယ် နယ်ပြန်ဖို့ ကားလက်မှတ်တောင် ဦးလေးက ၀ယ်ပေးခဲ့လို့ ကျွန်တော်အဖေနဲ့အမေဆီကိုပြန်ရောက်ခဲ့တော့
အဖေ ကရှိသေးတယ်လေ ။ဒါပေမယ့် အဖေက သူဘ၀ကိုအရှံးပေးလိုက်တာ ကျွန်တော်သိလိုက်ရတယ် ။အဖေ အရက်စွဲနေပြီဗျာ .. ကျွန်တော်ဘာမမလုပ်ပေးနိုင်ပါဘူး
တက္ကသိုလ်ဆက်တက်တော့ အခက်ခဲတွေအများကြီးထပ်ကြုံရပါသေးတယ်ပထမနှစ်တော့ ဒီလိုပဲ့ ကျောင်းစရိတ်က သိပ်ပြီးမများတော့ အဆင်ပြေခဲ့ပါတယ် ဒီလိုနဲ့
ပထမနှစ်ပြီးကျောင်းပိတ်တော့ ကျွန်တော် မိတ္တူဆိုင်မှာဝင်လုပ်တယ်လေ တစ်လကိုတစ်သောင်းနဲ့ တစ်နေ့လုံးရပ်နေရတာ နံနက် ၈ နာရီကနေ ည ၉ နာရီအထိပဲ့
ဒါပေမယ့် ကျွန်တော်ကျေနပ်ပါတယ်
သုံးလလုံးလုပ်ပြီး ကျောင်းပြန်ဖွင့်တော့ ကျွန်တော်လုပ်တဲ့ လုပ်အားခ နဲ့ပဲ့ ကျောင်းအပ်နိုင်ခဲ့တယ် ကားခလည်းပေးနိုင်သေးတာပေါ့ ဒီလိုနဲ့ ဒုတိယနှစ်တက်တယ်
အခက်ခဲ့ကတော့ အမြဲ့တမ်းပါပဲ့ ကျောင်းလခ ၊ ကားလခ မပေးနိုင်လို့ သူငယ်ချင်းက ပဲ့ ကူညီပေးခဲ့တယ် ဒုတိယနှစ်ကျောင်းပြီးတော့ ရေခဲ့ တံတားမှာ ကျွန်တော်
ရေခဲ့ ၀င်တွန်းပါတယ် မဆိုးပါဘူး တစ်နေ့ကို နှစ်ထောင် သုံးထောင်လောက်တော့ရတယ် ဒီလိုနဲ့ကျောင်းတက်ဖို့ အချိန်ကျလာပြန်ပြီ အမှန်တိုင်းပြောရင်
ကျွန်တော်လက်ထဲ့မှာပိုက်ဆံမရှိဘူးလေ အဲဒီတုန်းက အောင်စာရင်းမှာတောင် ကျွန်တော်နာမည်မပါဘူး(ကျောင်းလခ ကြွေးကျန်ရှိနေသေးလို့တဲ့ )အဲဒီတော့ ကျွန်တော်ဝယ်ထားတဲ့ စက်ဘီးကို လေးသောင်းခွဲနဲ့ရောင်း ပြီး တတိယနှစ်ကို ကျွန်တော် ဆက်တက်ဖြစ်တယ်
စနေ ၊ တနင်္ဂနွေ ကူလီဝင်ထမ်းပြီး တတိယနှစ်ကို အဆင်ပြေစွာဖြင့်ကျောင်းတက်နိုင်ခဲ့တယ်လေ နောက်ဆုံးကျောင်းပြီးခါနီးတောင် ပိုက်ဆံမလောက်လို့ ပန်းရံ ငါးရက်ဝင်လုပ်ရသေးတယ်
ခြောက်ထောင်ရတယ်ဗျ ကားခသုံးလစာပေးလိုက်တယ် အဆင်ပြေသွားတော့ပေါ့ လက်တွေလည်း အကုန်ပေါက်ကုန်ပြီ ၁၀ ရက်လောက်မှပြန်ကောင်းတယ်
ဒီလိုနဲ့ တတိယနှစ်ကျောင်းပြီးတော့ ဘွဲယူရဦးမယ် ဆိုတော့ ကျွန်တော်က မယူတော့ဘူးဆိုပြီး ဆရာမတွေကိုပြောတယ်
သဘောကောင်းတဲ့ဆရာမတွေက ကျွန်တော်ကို လူတစ်ယောက်က ဘွဲတော့ယူရမယ်ဆိုပြီးအဘက်ဘက်ကကူညီပေးကြပါတယ်
ကျွန်တော်ကို ဆရာမတစ်ယောက်က တိတ်တိတ်လေးခေါ်ပြီး CNC တစ်ထည်၊ မင်းကြီးကြိုက် လုံချည်တစ်လုံးနဲ့ အော ကတ္တီပါ ဖိနပ်တစ်ရံ ကိုကျွန်တော်သူငယ်ချင်းတွေမသိအောင်
ပေးခဲ့တာကိုလည်း အခုထိကျွန်တော့်စိတ်ထဲမှာကျေးဇူးတင်နေမိပါတယ် အခြားကျန်တဲ့ဆရာမတွေကလည်း ဘွဲဝတ်စုံ အတွက် ပိုက်ဆံ နဲ့ Dinner အတွက်ကျမယ့်ပိုက်ဆံ တစ်သောင်းခွဲ
စုစုပေါင်း ပိုက်ဆံသုံးသောင်းကျော်ကို ကျွန်တော်ကိုကူညီခဲ့ပါသေးတယ် ကျွန်တော်ဘ၀ရဲ့ အမှတ်ရစရာတွေပေါ့ နောက်ပြီး ဆရာမတစ်ယောက်က ကျွန်တော်ဘ၀ကို လုံးဝပြောင်းလဲစေခဲ့တယ်
ဆရာမ ဒေါ်ဇာဇာလင်း က ကျွန်တော်ကို လမ်းကြောင်းပြပေးခဲ့သူဆိုလည်းမမှားပါဘူး ကျွန်တော်လမ်းပျောက်နေတဲအချိန်ပေါ့
ကျွန်တော် Java ကို စပြီးလေ့လာ တယ် မသိတဲ့ ဟာတွေကို ဆရာတွေကိုမေးတော့ ဆရာမက ကျွန်တော်ကို သူများဦးနှောက်ကိုဖောက်စားတယ်ဆိုတဲ့ စကားကိုအမြဲပြောတယ်လေ
ပြီးတော့ အရမ်းတော်တဲ့ Hacker တွေအကြောင်းကိုလည်း ပုံပြင် ပြောသလို ပြောခဲ့သေးတယ် ဒါကြောင့်လည်း ကျွန်တော် hacking လေ့လာခဲ့ပါသေးတယ် ဟီး
ဆရာမ ဖြစ်ချင်တာက တော့ Hacker တဲ့ ဒါပေမယ့် ကျွန်တော်တို့က အပြင်မှာပဲ့ရှိသေးတာ အင်တာနက်ဆိုတာဘာမှန်းလဲ ကျွန်တော်မသိခဲ့ပါဘူး
နောက်တော့ ကျွန်တော်ကျောင်းပြီးသွားတယ် မိတ်ဆွေတစ်ယောက်နားမှာ ကူလီပဲ့ ၀င်လုပ်တယ် အဲဒီအလုပ်က ကျွန်တော်ကို ငွေကြေးအဆင်ပြေတယ်လေ
အိမ်ကိုလည်းပေးနိုင်တယ် ပြီးတော့ အင်တာနက်သုံးဖို့ အတွက်လည်း ကျွန်တော်မှာ ပိုက်ဆံကျန်သေးတယ် အသိတွေက ပြောကြပါတယ် ကျောင်းပြီးသွားပြီး
ကူလီဝင်လုပ်သလားတဲ့ ကျွန်တော်ဒါတွေဂရုမစိုက်ပါဘူး ကျွန်တော်ဖြစ်ချင်တာကတော့ programmer ပါ ဒါပေမယ့် ကျွန်တော်ဘာမမသိသေးပါဘူး
နောက်တော့ web နဲ့ပတ်သက်ပြီး html ကိုစလုပ်ဖြစ်တယ် နောက်ပိုင်းလေ့လာရင်းနဲ အဲဒါတွေကို စိတ်ဝင်စားလာတယ် နောက်ပိုင်းမှာဖြစ်ချင်လာတာကတော့
Web Developer တစ်ယောက်ပေါ့ ကျွန်တော် အသက် ၂၅ မတိုင်ခင် ကျွန်တော် coding လိုင်းထဲကိုဝင်မယ်လို့ ရည်မှန်းထားတယ်
၁၂.၇.၂၀၁၂ မှာ ကျွန်တော် web developer အလုပ်ကိုရခဲ့ပါတယ်
ကျွန်တော်ရည်မှန်းချက်တွေလည်းအမှန်တစ်ကယ်ဖြစ်လာခဲ့တယ်
ကျွန်တော် အရမ်းလည်းပျော်ပါတယ် ....
ဒီထက်လည်းပိုပြီး ကျွန်တော်ဆက်ပြီးကြိုးစားသွားမှာပါ ကျန်တဲ့ Language တွေကိုလည်းဆက်လေ့လာသွားမယ် အဖေ..
အဖေ ဘယ်ဘ၀ပဲ့ ရောက်ရောက် ကျွန်တော် အမေ့ကို စောင့်ရှောက်သွားမှာပါ သားအတွက်လည်း အဖေ ဂုဏ်ယူနိုင်ပါစေလို့ ..... အင်တာနက်ကနေ အဖေသို့ ကျွန်တော် စာရေးလိုက်ပါတယ်
ကျွန်တော်အား သင်ပေးခဲ့တဲ့ ဆရာ/ ဆရာမ တွေအားလုံးကိုလည်း ကျွန်တော်အရမ်းပဲ့ ကျေးဇူးတင်ပါတယ် အချိန်ခါသင့်ရင် ကျွန်တော်ကိုပြန်ဆပ်ခွင့် ပြုပါ..
" ကျွန်တော်တို့ရည်မှန်းချက်ကိုရောက်ဖို့က လမ်းတွေအများကြီးရှိပါတယ်ဒါပေမယ့် သွားတဲ့လမ်းက မတူညီပေမယ့် ပန်းတိုင်ကတော့ တစ်ခုတည်းပါ "
ဒီစာကိုဖတ်မိတော့ ကျွန်တော်မျက်ရည်တောင်ကျမိတော့မလို့ပါဘဲ..တော်တော်လေးကိုထိန်းထားရပါတယ်.....ကြိုးစားပါ..အကိုအောင်မြင်မယ်လို့
ReplyDeleteကျွန်တော်ယုံကြည့်ပါတယ်...
အောင်လဲအောင်မြင်မှာပါ.......တကယ်ကို.
လေးစားပါတယ်.........
အမြဲအားပေးနေတဲ့ ညီလေး အောင်မြတ်စိုး
အားပေးတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်ညီလေး အစ်ကိုသိထားသမျှလေးတွေကိုလည်း ဆက်လက်လေ့လာရင်း မျှဝေသွားမှာပါ
ReplyDeleteThanks for your encourage
လေးစားပါတယ်.. ညီလေးလား အကိုလားတော့မသိဘူ.. တချန်ကျ၇င် မားဇူးကားဘတ်လို့ CEO တစ်ယောက်ဖြစ်ပါစေ ..လို့ ဆုတောင်းပေးလိုက်ပါတယ်
ReplyDeleteပေးတဲ့ဆုနဲ့ပြည့်ပါစေအစ်ကို အစ်ကိုလည်းအရာရာအဆင်ပြေပါစေ
ReplyDeleteအစ်ကိုရေ တစ်အားကို အားကျဖို့  ကောင်းလို့  ဒါလေးကို save ထားတယ် ခွန်အားတွေ ပြည့်စေတယ်ထင်လို့ ပါ အစ်ကို တစ်အားလေးစားပါတယ် developer တစ်ယောက် အရမ်းဖြစ်ချင်ခဲ့တာပါ ဒီထက်လည်း အစ်ကို ပိုအဆင်ပြေပါစေဗျာ :P
ReplyDelete