Tuesday, June 12, 2012

Web developer ?


အဲဒီစာလုံးကိုရင်းနှီးသလိုပါပဲ့
ဆိုလိုရင်းကကောဘာလဲတဲ့.(ကိုယ်ဟာကိုယ်မေးတဲ့စကားပါ)

ကျွန်တော်ထင်တာလေးရေးကြည့်မယ်နော်
Website တွေအလုပ်လုပ်အောင် Coding ရေးသားတည်ဆောက်သူကိုခေါ်တာဖြစ်မှာပါ
html,css,js,php,sql,asp.net ထဲ့ကတစ်ခုခုကိုနားလည်တဲ့သူတွေသာရေးနိုင်မှာပါ

ကျွန်တော်လည်း web developer တစ်ယောက်မဟုတ်တော့ အသေးစိတ်လည်းမသိပါဘူး

Web Desinger?
web site ရဲ့ အပြင်ပန်း ဒီဇိုင်းကိုရေးသားတည်ဆောက်သူပါ
သူကတော့ html,css,photoshop, အဲဒါတွေကိုသိရမှာပါ


နောက်ပြီး အားလုံးနဲ့ရင်းနှီးနေတဲ့ စကားလေး
Hacker ?
Website ရဲ့လုံခြုံရေးတွေကိုအမြဲတမ်းလေ့လာဆန်းစစ်နေတဲ့သူတွေပါ
သူတို့က web developer နဲ့ဆင်ပါတယ်ကျွန်တော်ထင်တာကိုပြောရရင် Hacker တွေကမှ တစ်ကယ့် Web Developer အစစ်တွေဖြစ်ပါတယ်
သူတို့မှာ စည်းမျည်းမရှိပါဘူး၊ကိုယ်တိုင်ကန့်သတ်တာမရှိဘူး၊အမြဲတမ်းတက်ကြွပြီး သူတို့ စိတ်ဝင်စားတဲ့နေရာတွေမှာထူးချွှန်ကြပါတယ်

သုံးမျိုးစလုံးထဲက web developer ကို နည်းနည်းလေးပြန်သုံးသပ်ရအောင်(ကျန်တာမသိတော့မရေးတော့ဘူးဟီး)

Web Developer လို့ခေါ်တဲ့တစ်ယောက်က Coding တွေပဲ့ရေးရတာပါ (ကျွန်တော်သိသလောက်ပါ)
Coding တွေမှာတောင်ကန့်သတ်ချက်တွေရှိပါတယ်လို့ထင်ပါတယ်
ဥပမာ -- php ကိုသင်နားလည်သွားပြီဆိုပါစို့
ရေးရတဲ့ Code ကအမြဲတမ်း အဲဒီ Code တွေပဲ့ ဟိုဟာလုပ်ချင်ရင် ဟို Code ကိုသုံး ဒီဟာလုပ်ချင်ရင် ဒီ Code ကိုသုံးနဲ့
သူတို့ကြည့်ရတာလွယ်လိုက်တာလို့ ဟီး...(Developer သမားတွေစိတ်ဆိုးချင်ဆိုးနိုင်တယ် အောက်မှာဆက်ရှင်းမယ် ဒီကိစ္စကို)

တစ်နေ့ကျွန်တော်ကြားလိုက်ပါတယ် Web Developer တစ်ယောက်က ဟိုဆိုက်ဟက်ခံရလို့တဲ့ ဟီး
ငါလူတွေလားလို့ကြည့်လိုက်တော့ XXX တဲ့ ဟီးတော်တော်လက်စွမ်းပြတာပဲ့ လို့စိတ်ထဲမှာတွေးလိုက်တယ်
ပြီးတော့ ဆရာတစ်ယောက်ပြောတာလည်းသတိရလိုက်တယ်

အင်ဂျင်နီယာတစ်ယောက်က တိုက်မဆောက်နိင်ဘူးတဲ့ . သူက method ဘယ်လိုဆောက်ရမလဲဆိုတဲ့(နည်းလမ်းပဲ့သိတာ)

တစ်ကယ်အလုပ်လုပ်တာဘယ်သူလဲ ဟုတ်ပါပြီ တစ်ရက်ကို သုံးထောင်လောက်သာရတဲ့ ပန်းရံတွေပါ
(ကျွန်တော်လည်းကျောင်းတက်တုန်းက ကားခပေးစရာပိုက်ဆံမရှိလို့ ပန်းရံ ၅ရက်လောက်လုပ်ဖူးတယ် . ကျွှတ်သွားတာပဲ့)

အင်ဂျင်နီယာကတော့ ပိုက်ဆံတွေအများကြီးရတာပဲ့ ဟုတ်နေပါပြီ
ဘာကြောင့်ကွာသွားတာလဲဆိုတဲ့မေးခွန်းကိုထပ်မေးမယ်ဗျာ

အင်ဂျင်နီယာက ကိုယ်တိုင်မလုပ်နိုင်ပေမယ့် သူမှာ ဖန်တီးမှုနဲ့နည်းလမ်းလေးတွေရှိပါတယ်
ပန်ရံကတော့ ဒါဆိုဒါပဲ့လုပ်တဲ့အတွက်ကြောင့်ပါ(ကန့်သတ်လိုက်တာပေါ့)

သင်ကကော့ Web Developer ဆိုပြီး ကိုယ်ဟာကိုယ့် ကန့်သတ်မှာလား
ဒါမှမဟုတ်ဘူးဆိုရင် လေ့လာမှု နဲ့ အသစ်သစ်တွေဖန်တီးမှာလား

ကျွန်တော်ကြုံဖူးသလောက် Web developer လို့ထင်ရတဲ့လူတွေက expolit ဆိုတာမသိပါဘူး
အဲ့ ကျွန်တော်တို့ဖိုရမ်ကလူတွေက expolit ဆိုတာကိုကောင်ကောင်းသိမယ်ထင်ပါတယ်
expolit သုံးပြီး Web developer တွေရေးတဲ့ web site တွေကို hacker တွေကတိုက်ခိုက်နိုင်ပါတယ်
ဒါကြောင့် သင်က Web developer တစ်ယောက်ဖြစ်တဲ့အတွက် ဒါတွေကိုလည်းလေ့လာသင့်တယ်လို့ထင်ပါတယ်
ဆိုလိုတာကဗျာ Web developer တစ်ယောက်က Joomla website တစ်ခုကိုဖန်တီးမယ်ဆိုပါစို့
သူက Joomla နားလည်နေတာပဲ့ အေးဆေးပေါ့ ဟုတ်တယ်မဟုတ်လား
ဟီး
အဲဒီအချိန်မှာ Hacker ကလည်းဘာလုပ်နေမလဲ့ သူလက်ထဲ့မှာ Joomla expolit လေးနဲ့ကိုင်ပြီး လက်တည်းစမ်းမှာပေါ့
ဒါဆိုရင် သင်စောစောတုန်းကရေးခဲ့တဲ့ Joomla website လေးက တရာခံဖြစ်သွားနိုင်ပါတယ်
ဒါကြောင့် Web Developer သမားတွေက Security ဆိုတာငါတို့နဲ့မဆိုင်ဘူးလို့ထင်နေရင် မှားသွားမှာပေါ့
သင့်ရဲ့ website ကို အမြဲတမ်း version အလိုက် Update ပြုလုပ်ပေးပါ
ဘာလို့လဲဆိုတော့ expolit တွေမှာ version တွေရှိပါတယ်

ပြီးတော့ ကိုယ်ရေးမယ် ဆိုက်အမျိုးအစားက expolit ရှိလားဆိုတာ အရင်ရှာရင်ကောင်းပါတယ်(မသိရင် ဒီဖိုရမ်ထဲ့ hacker1989,Big Boss နဲ့အခြားဆရာတွေကိုမေး)
မရှိဘူးဆို အဲဒီအမျိုးစားကိုရွှေးချယ်ပြီး Developing လုပ်တော့ဗျာ ဒါဆိုရင်ခင်ဗျားဆိုက် Hack ခံရတာမဖြစ်တော့ဘူး
Big Boss ပြောသလိုပဲ့ hacker နဲ့ developer က တစ်ယောက်နဲ့တစ်ယောက်မှီခိုနေတာ ပါ

ဒါကြောင့် Myanmar Web Developer တွေ ကျွန်တော်တို့ဖိုရမ်မှာ Security ပိုင်းများကိုဝင်ရောက်ဆွေးနွေးပေးပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား


ရေးသားသူ cyberoot1@gmail.com
Thanks for reading my Article

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot