Wednesday, June 27, 2012

Programming ဆိုတာ

Programming ဆိုတာ ကွန်ပျူတာတစ်လုံးပေါ်မှာ လုပ်ဆောင်ချက်တွေကိုအမိန့်ပေးခိုင်းစေနိုင်တဲ့အရာတွေလို့အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။
ဒီတော့ ကျွန်တော်တို့သုံးနေတဲ့ application တွေကတော့ programming တွေမဟုတ်ဘူးလားဗျာ
ဥပမာ .. Photoshop,Window,Antivirus,.... စသည့်ဖြင့်.ပေါ့

programming အကြောင်းမပြောခင် computer အကြောင်းကိုအရင် ခွဲကြည့် ရအောင်
Computer ဆိုတာ machine ဆိုတဲ့ စက်တစ်လုံးပါပဲ့ ဟီး
သူမှာ Hardware and Software နှစ်ခုနဲ့ပေါင်းစပ်ဖွဲစည်းထားပါတယ်
ကျွန်တော်တို့လက်ရှိ ထိတွေ့ကိုင်တွယ်နေရတဲ့အရာတွေကိုတော့ Hardware လို့ခေါ်မှာပါ
ဥပမာ mouse,keyboard,printer,scanner,mointer,memory,hardisk,CPU,.... စသဖြင့် အများကြီးပဲ့ဗျ
 နောက်ပြီး သူတို့အချင်းချင်း data တွေကိုပို့လွတ်ပေးနေတဲ့  အလွန်သေးငယ်တဲ့ circuit လမ်းကြောင်းတွေလည်းရှိသေးတယ်
 အဲဒါကိုတော့ ကျွန်တော်ကတော့ Bus လို့ခေါ်ပါတယ်

 ဒီနေရာမှာ မှတ်ရမှာက Hardware မှာ မှတ်ဥာဏ်ပဲ့ရှိပြီးတော့ အသိဥာဏ်မရှိပါဘူး ဒါကြောင့်(Hardware ဟာ store ပဲ့လုပ်နိုင်ပါတယ်)
ဥပမာ hardisk  ကျွန်တော်တို့ data တွေကိုသိမ်းလို့ရပါတယ်
နောက်တစ်ခုက bios  သူကတော့ အချိန်တွေကိုမှတ်ထားပေးပါတယ် (hardware ဆိုတာကိုဥပမာပေးတာပါ)

ဒီတော့ ကျွန်တော်တို့ computer ကိုအသက်ဝင်လာအောင်၊အလုပ်တွေလုပ်နိုင်အောင်လို့  သူမှာရှိတဲ့ မှတ်ဥာဏ်(hardware ) ကိုသုံးပြီး  အသိဥာဏ်ဖြစ်တဲ့ (Software)တွေကိုသုံးပြီး
instruction တွေကိုပေးရပါတယ်
Software တွေကြောင့် ကွန်ပျူတာဟာ လုပ်ဆောင်ချက်တွေကိုလုပ်ဆောင်နိုင်ပြီး Hardware ကိုခိုင်းစေဖို့ Software တွေကိုလိုအပ်လာပါတယ်

ှSoftware ဆိုတဲ့နေရာမှာတော့  Programming ဘာသာစကားနဲ့ရေးထားတဲ့ အစုအဝေးတစ်ခုကိုဆိုပါတယ်၊
ဥပမာ.. Microsoft Office,Auto Cad,.... etc
ဒါတွေအားလုံးကို software လို့ခေါ်ပါတယ် အဲဒါတွေဖြစ်လာအောင် Programming Languages တွေနဲ့ရေးသားကြပါတယ်
ဒီတော့ Programming ဆိုတာ Software ပါတယ်
Programming language ဖြင့် ကျွန်တော်တို့လိုချင်တဲ့  Software တွေကိုရေးသားနိုင်ပါတယ်
Program တစ်ခုမှာ
1. Data
2.Instruction/Command
အဲဒါတွေပါပါတယ်

ဥပမာအနေနဲ့ပြောရမယ်ဆိုရင်
1 နဲ့ 2 ပေါင်းတဲ့ ကိစ္စကိုဖော်ပြပေးပါမယ်           ဒီလိုမျိုး 1 + 2 လို့ရေးနိုင်ပါတယ်
အဲဒီနေရာမှာ 1 & 2 က data ဖြစ်ပြီး + (operator) ကတော့ Instruction/Command ဖြစ်ပါတယ်
Programming Languages တွေအများကြီးရှိပါတယ်။ အခြေခံသဘောတရားကတော့ အားလုံး အတူတူပဲ့လို့ဆိုနိုင်ပါတယ်

Programming Language ကိုအခြေခံအားဖြင့် (၃) မျိုးခွဲခြားထားပါတယ်
1 . Machine Languages
2.  Assembly Languages
3. High-Level Languages တို့ဖြစ်ပါတယ်

ဒီနေ့တော့ ဒီလောက်ပဲ့ဖတ်ထားပေါ့ဗျာ
နောက်ပိုင်း လာမယ့် Tut တွေမှာ အဲဒီ ၃ မျိုးကို သေချာအောင်(နားလည်သလောက်)ရှင်းပြပေးပါမယ်
ရေးသားသူ cyberoot(ဆိုက်ဘာအရူး)
Thanks for Reading this Article
Ref : Internet Journal Vol13|No.24

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot