အကယ်ရှ်သင်ဟာ PHP အသုံးပြုတယ်ဆိုရင် MySql ကိုတော်တော်လေးသုံးရမှာပါ
ဒီ ariticle မှာ Mysql ကိုအားပေးထားတယ်နော် php ပိုင်တယ်ဆိုပြီး အကုန်လုံး php နဲ့ရေးဖို့စိတ်ကူးထားရင်တော့ ဖတ်ကြည့်ပါ
PHP ကတော်တော်လည်းလွယ်ကူပါတယ်(ကျွန်တော်ကအခုမှ စမ်းတုန်းဟီး)
ဒါကြောင့် Developer အများစုဟာ function ကျတဲ့ coding တွေကို အချိန်အနည်းငယ်အတွင်းမှာရေးနိုင်ပါတယ်။
ဒါပေမယ့်လည်းပဲ့ သေသေချာချာတည်ဆောက်ရေးသားရမှာပါ
စိတ်ချရတဲ့ database ကိုတည်ဆောက်ဖို့အတွက် အချိန်ယူရမှာပါ ပြီးတော့ ကျွမ်းကျင်မှုလည်းလိုအပ်ပါတယ်
ဒါကြောင့်ကျွန်တော်က php developer တွေမှားတတ်တဲ့ sql အမှား ဆယ်ချက်ကိုဖော်ပြပေးမှာဖြစ်ပါမယ်
အချက် (၁) InnoDB ထက် MyISAM ကိုပိုပြီး သုံးများခြင်း
MySQL မှာ database engines နံပါတ်တွေရှိပါတယ်။
ဒါပေမယ့် သင့်ကတော့ MyISAM နဲ့ InnoDB ကိုပိုပြီးတော့ အသုံးများမှာပါ။
MyISAM ကတော့ ပုံမှန်(default) အသုံးပြုတာပါ။
ဒါပေမယ့် သင်က ပုံမှန် creating လုပ်မယ်ဆိုရင် သို့မဟုတ် database တွေကိုစမ်းသပ်အသုံးပြုမယ်ဆိုရင်
(MyISAM)ဒါကိုအသုံးပြုခြင်းဟာ မှားယွင်းတဲ့ ရွှေးချယ်မှုပါပဲ့။ဘာကြောင့်လဲဆိုတော့
MyISAM က foreign key constraints or transactions ကို support မလုပ်ပါဘူး
ဒါက data တည်ဆောက်မှုခိုင်မြဲ့ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်
ထပ်ပြီးပြောရမယ်ဆိုရင် table တစ်ခုလုံး lock ဖြစ်သွားခဲ့ရင်တောင်ဘယ်အချိန်မဆို record လုပ်ထားတဲ့ဟာကို ကျွန်တော်တို့ insert or update လုပ်လို့ရပါတယ်။
ဒီလိုအသုံးပြုခြင်းကြောင့် လုပ်ဆောင်ချက်တွေ ပျက်စီးသွားစေနိုင်ပါတယ်
ဒါကြောင့် အဖြေကတော့ လွယ်ပါတယ် InnoDB ကိုသာသုံးပါ ဟီး
အချက်(၂) PHP ၏ mysql function ကိုအသုံးပြုခြင်း
PHP က MySQL libriary function ကို provide လုပ်ပါတယ်
Application အများကြီးက အောက်ကဟာတွေကိုမှီခိုနေရပါတယ်
mysql_connect,mysql_query,mysql_fetch_assoc,mysql_select_db, ...စသည်ဖြင့်ပေါ့ဗျာ
အကယ်ရှ် သင်က MySQL version 4.1.3 ဒါမဟုတ် နောက်ပိုင်း version ကိုအသုံးပြုတယ်ဆိုရင်
သင်က mysql extension ဖြစ်တဲ့ mysqli ကိုသုံးရမှာပါ ဒါကိုအသုံးပြုတဲ့အတွက်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်
ပုံမှန်အားဖြင့်ဗျာ
object-oriented interface
prepared statements(ဒါက sql-injection attack ကိုကာကွယ်ပေးပါတယ် ပြီးတော့ လုပ်ဆောင်ချက်ကိုလည်းပိုမြန်စေပါတယ်)
multiple statements and transaction support
တစ်နည်းအားဖြင့် သင်က multiple databases ကို support လုပ်ချင်တယ်ဆိုရင် PDO လို့စဉ်းစားသင့်ပါတယ်။
PDO အကြောင်းသိချင်ရင်
http://uk2.php.net/m...en/book.pdo.php
အချက်(၃) User input ကိုမရှင်းလင်းထားခြင်း
User Input ကိုဘယ်တော့မှမယုံပါနဲ့
Server Side PHP ကိုအသုံးပြုပြီး ဘယ် String ကိုမဆို Validate လုပ်လို့ရပါတယ်
ဒါကြောင့် javascript ကို အဲဒီအတွက်အားမကိုးပါနဲ့
ဒီလိုမျိုး အောက်ကကုတ်ကနေ SQL injection attack လုပ်လို့ရနိုင်ပါတယ်
$username=$_POST['name'];
$password =$_POST['password'];
$sql="SELECT userid FROM usertbl WHERE username='$username' AND password='$password';";
ဒါက username field ထဲမှာ "admin'; --" ထည့်သွင်းပြီး crack လုပ်လို့ရပါတယ်
မယုံဘူးဆိုရင် လက်တွေပြမယ်ဗျာ
Google.com ကိုသွားဗျာ ပြီးတော့ inurl:admin.asp လိုရိုက်ထည့် ပြီတော့ sql inject လေးထည့်ကြည့်
အပေါ်က string က user က input ထည့်လိုက်တဲ့အခါ ဒီလိုလေးနဲ့သွားတူသွားပါတယ်
SELECT userid FROM usertbl WHERE username='admin';
အဲလိုလေးသာရေးထားတဲ့ website ဆိုရင် တားလို မရိုးသားတဲ့ cyberoot က admin အဖြစ်နဲ့ log in ၀င်နိုင်မှာပေါ့
password တောင်သိစရာမလိုဘူး ဟီး ဘာလို့လဲဆိုတော့ လုပ်ဆောင်ချက်တူတူပဲ့
အချက်(၄) ဖြစ်နိုင်ရင် UTF-8 မသုံးပါနဲ့
ကျွန်တော်ပြောချင်တာကတော့ ပုံမှန် english ကိုပဲ့သုံးမယ်ဆိုရင် utf-8 ကိုမသုံးစေချင်ပါဘူး
မြန်မာစာရေးမယ်ဒါမှမဟုတ်အခြား language တွေရေးမယ်ဆိုတော့မသုံးမဖြစ်သုံးရမှာပဲ့
UTF-8 က international language ပြသနာကိုဖြေရှင်းပေးသော်လည်းပဲ့ PHP version 6 မတိုင်ခင်ထိ ကောင်ကောင်း ထောက်ပံမှုမပေးနိုင်သေးလို့ပါပဲ့
MySQL character sets ကနေ UTF-8 setting အတွက်နည်းနည်းလေးအတားဆီးဖြစ်နေပါတယ်သေးတယ်
အချက်(၅) SQL ထက် PHP ကို မျက်နှာသာပေးခြင်း
သင်က Sql အသစ်ကိုသုံးတဲ့အခါ သင်သိတဲ့ language ထဲမှာ ပြသနာတွေကို ဖြေရှင်းဖို့ခေါ်လာတတ်ပါတယ်
ဒါက မလိုအပ်ပဲ့နဲ့ code တွေကို နှေးကွေးစေပါတယ်
ဥပမာ MySQL ၏ native ဖြစ်တဲ့ AVG() function ကိုအသုံးပြုခြင်းထက်
သင်က record-set ထဲမှာရှိတဲ့တန်ဖိုးအားလုံးကို ပေါင်းခြင်းဖြင့် ပျမ်းမျှ တွက်ချက်ဖို့ PHP Code ကိုသုံးတဲ့အတွက်ကြောင့်ပါပဲ့
ဒါကြောင့် PHP loops ထဲမှာရှိတဲ့ SQL queries တွေကို ဂရုစိုက်မိပါစေသာမန်ဆိုရင်
result ကို loop နဲ့ပတ်တာထက် query ကို သုံးပြီး run တာကပိုပြီးထိရောက်မှုရှိပါတယ်
ပုံမှန်ပြောရရင်တော့ data တွေ analyzing လုပ်တဲ့အခါ သင့်ရဲ့ database power ကိုပိုပြီးလုပ်ဆောင်မှုအားကောင်းအောင်အကျိုးရှိရှိအသုံးချခြင်းဖြစ်ပါတယ်ဂျာ။
အချက်(၆) သင့်ရဲ့ query တွေအဆင်မပြေဘူးဆိုရင်
PHP လုပ်ဆောင်ချက် ပြသနာရဲ့ 99 % က database ကြောင့်ဖြစ်တာပါ
ဒါကို PHP သမားတွေကောင်းကောင်သိပါတယ် ဟုတ်တယ်မဟုတ်လား ကျွန်တော်တော့ နည်းနည်းပဲ့သိသေးတယ်
ဟုတ်တယ်ဗျ ကျွန်တော် php ရေးထဲ့အခါတိုင်း error တက်ပြီးဆိုရင် class ထဲ့က database query တွေမှားတာပဲ့
ဥပမာဗျာ INSER INTO တို့ UPDAE SET တို့ခဏခဏမှားတတ်ပါတယ် (တစ်ခါတစ်လေ ရေးသားနည်းတူတာတောင်မှအလုပ်မလုပ်ပါဘူး)
ကိုယ်တွေ့လေးပေါ့ ဒါဆိုရင် ဘယ်လိုလုပ်မလဲ အကြံဖန်သုံးပေါ့ဗျာ
database table ထဲမှာ အရင် ကိုယ်လုပ်ချင်တာလုပ်ပြီး သူပေးတဲ့ source code ကိုပြန်ပြင်ရတယ် (ကြည့်လိုက်တော့လည်းတူတူပါပဲ့ ဟီး)
မှားယွင်းတဲ့ sql query တစ်ကြောင်းလေးကတောင် သင့် Application ကို ကသောင်းကနင်းဖြစ်စေပါတယ် အဲဒီအခါ သင်ခေါင်းကြီးပါပြီ
အချက်(၇) Data type ကိုမှားယွင်းစွာအသုံးပြုခြင်း
Mysql က numeric,string နဲ့ time ဆိုတဲ့ data types တွေကို ရည်ညွှန်းပါတယ်
တစ်ကယ်လို့ သင်က date ကို store လုပ်ချင်တယ်ဆိုရင် date သို့မဟုတ် datetime ဆိုတဲ့ နယ်ပယ်ထဲ့က ဟာတွေကိုအသုံးပြုရမှာပါ
integer or string သုံးခြင်းကတော့ SQL query ကိုပိုပြီးရှပ်ထွေးစေပါတယ်
သူဟာနဲ့သူ အဆင်ပြေအောင်ရွှေးချယ်ရမှာပါ။
ဥပမာ String ထဲ့မှာ PHP object ကို storing လုပ်ခဲ့ရင် Database Management ကပိုပြီးလွယ်ကူသွားမှာပါ
ဒါပေမယ့် MySQL ကနေ အသုံးမလိုတဲ့ data တွေဖြစ်လာပြီးနောက်ပိုင်းမှာ ပြသနာတွေတက်လာစေနိုင်မှာပါ။
အချက်(၈) SELECT queries ထဲ့က * ကိုအသုံးပြုခြင်း
Table ထဲက columns တွေအားလုံးကို return ပြန်ဖို့ဆိုရင် ဘယ်တော့မှ * query ကိုမသုံးပါနဲ့လို့တိုက်တွန်းပါရစေ
ဒါလိုသုံးတာက သင်ပျင်းတာကိုပြလိုက်တာပါပဲ့ ဟီး မှတ်ပြီလား ကြုံတုန်းလေး ဟောက်ထားမှ
သင်လိုချင်တဲ့ data လောက်ပဲ့ extract လုပ်သင့်ပါတယ်
တစ်ကယ်လို့ သင်က field အားလုံးကိုလိုချင်တယ်ဆိုရင်တောင် သင့်ရဲ့ tables က လုံးဝကို ပြောင်းလဲသွားပါလိမ့်မယ်။
အချက်(၉) under - or over- indexing
ပုံမှန် စည်းမျည်းအရဆိုရင် , SELECT query ရဲ့ WHERE clause ထဲက ဘယ် column name မဆို indexes တွေကိုအသုံးပြုသင့်ပါတယ်
ဥပမာ ကျွန်တော်တို့မှာ numeric id နဲ့ email address ဆိုတဲ့ usertable ရှိတယ်ဆိုပါစို့
Log in လုပ်နေစဉ်အတွင်းမှာ Mysql က email အတွက် မှန်ကန်တဲ့ id ကို ရှာပေးမှာပါ
index နဲ့ဆိုရင်တော့ Mysql က search algorithm သုံးပြီး email နဲ့ပတ်သက်တဲ့အားလုံးနီးပါးကိုချက်ချင်း မြန်မြန်ရှာပေးနိုင်ပါတယ်။
Index မပါဘူးဆိုရင်တော့,Mysql က address ကိုတွေတဲ့ အထိ sequence ထဲ့က record အားလုံးကိုစစ်ဆေးမှာပါ
ဒါကြောင့် performance ကို ထိခိုက်နိုင်ပါတယ် ဒါကြောင့် လိုအပ်တဲ့အချိန်မှာပဲ့ index တွေကို ပေါင်းထည့်ရေးသားပါ
အဆင့်(၁၀) back up လုပ်ဖို့ မေ့လျော့ခြင်း
ဒီလိုလုပ်တာရှားပါလိမ့်မယ်၊ ဒါပေမယ့် hard disk ပြသနာဖြစ်ခဲ့ရင် သို Server error တွေတက်တဲ့အခါ မှာပေါ့
database fail ဖြစ်နိုင်ပါတယ်
ဒါကြောင့် automated backups လုပ်ထားဖို့လိုအပ်ပါတယ်။
အဆင့်(၁၁) အမှားအပိုဆု - အခြား database တွေကိုမစဉ်းစားပါနဲ့
mysql က php developer တွေအသုံးများဆုံး database တစ်ခုဖြစ်ပါတယ်
ဒါပဲ့ရွေးစရာရှိလားဆိုတော့ အခြားဟာတွေလည်းရှိပါတယ်
PostgreSQL and Firebird are its closest competitors တဲ့
အဲဒီနှစ်ခုလုံးက opensource ဖြစ်ပြီးတော့ ဘယ်စီးပွားရေးအဖွဲ့စည်းမှ မထိန်းချုပ်ပါဘူး
microsoft ကတော့
SQL Server Express and Oracle supply 10g Express ကိုထောက်ပံပေးထားပါတယ်
အဲဒီနှစ်ခုစလုံးကိုလည်း free ပေးထားပါတယ်
အဆင်ပြေပါစေဗျာ
Written by cyberoot
Ref:By Craig Buckler
No comments:
Post a Comment
Thanks for your comments
Welcome from cyberoot