

အမှားပါရင်လည်းဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ဗျာ
What is JavaScript?
မေးခွန်းကတော့စပါပြီ JavaScript ဆိုတာဘာလဲတဲ့ အရင်ကတော့ကျွန်တော်လည်းသေသေချာချာမသိတော့
Javascript ဆိုတာကို ဟက်ကင်း index page တွေမှာတွေ့တော့ မိုက်သားဟ လို့တော့တွေးမိတယ်
သူက alert box လေးတွေတက်တယ် ပြီးတော့ animation လေးတွေကိုဖန်တီးပေးတယ် ဆိုတော့ web page ကပိုပြီး အသက်ဝင်တာပေါ့
တစ်နည်းအားဖြင့်(dynamic webpage )တွေကိုဖန်တီးတဲ့အခါမှာသုံးပါတယ် ဒါပဲ့လားဆိုတဲ့မေးခွန်းကို ကျွန်တော်အဲဒီ Tutorial ရေးနေတုန်း ကိုယ်တိုင်ပြန်မေးကြည့်တော့
မဟုတ်သေးဘူးတဲ့ သူက Object Base(

အဲဒီ OOP အကြောင်းကိုတော့ နောက်အခန်းတွေမှာရှင်းပြဖို့ ကျွန်တော်စဉ်းစားထားပါတယ်ဗျာ ဟီး ကျွန်တော်လည်းလေ့လာတုန်းဆိုတော့ အမှားပါရင်ထောက်ပြပေးကြပါလို့
အရင်ဆုံး ပန်ကြားလိုက်ပါတယ် ဒန်ဒန်ဒန်...
လေကြောရှည်တာကြာသွားပြီ
စမယ်ကွာ..
JavaScript ဆိုတာက web အတွက် အသုံးပြုဖို့ scripting language တစ်ခုဖြစ်ပါတယ်
JavaScript ကို Function တွေပေါင်းထည့်ပြီးအသုံးပြုနိုင်သလို့ Form တွေကို Validate လုပ်ပြီး Web Page သန်းပေါင်းများစွာမှာ အဲဒါကိုအသုံးပြုနေကြပါတယ်
မယုံဘူးဆိုရင် JavaScipt နဲ့ရေးထားတဲ့ Web page နဲ့ ရိုးရိုး Js မပါပဲ့ ရေးထားတဲ့ Web page ဈေးနှုန်းတွေက အရမ်းကွာနေတာတွေ့ပါလိမ့်မယ်
(Google မှာရှာကြည့်ပါ)
ကျွန်တော်အကြိုက်ဆုံးအချက်တစ်ခုကတော့ JavaScript ကလေ့လာရလွယ်ကူတယ်ဆိုတာပဲ့
သူတို့က သူတို့ JS ကိုတော်တော်အမွှန်းတင်ပြီးရေးထားတယ် ကျွန်တော်စလေ့လာတုန်းက ခေါင်းကိုချာလပတ်လည်သွားတာပဲ့ ဟီး
ဘာတဲ့
JavaScript is easy to learn. You will enjoy it တဲ့
ပြီးတော့ Javascript က Browser အားလုံးမှာအလုပ်လုပ်နိုင်ပါသတဲ့ဗျာ (IE,Firefox,Chrome,Opera,Flock,အစရှိသည့်ဖြင့်ပေါ့)
JavaScript ကိုလေ့လာဖို့ ဘာတွေလို့လဲဆိုတာပါပဲ့
Javascript ကိုစပြီးလေ့လာတော့မယ်ဆိုရင် သင်က html ကိုတော့အနည်းအကျည်းတတ်ထားဖို့တော့လိုတယ် (အခြေခံလောက်ပါပဲ့)
မသိဘူးဆိုရင်နောက်ပိုင်း html သင်ခန်းစာရေးပေးပါဦးမယ်(ဟီး ကတိပေးတာမဟုတ်ဘူးနော်)
နောက်ထပ်မေးခွန်းတစ်ခုထပ်လာပြန်ပါပြီ
JavaScript နဲ့ဘာတွေလုပ်လို့ရလဲတဲ့ ?
နည်းနည်းလေးတတ်သလောက်မှတ်သလောက်ပိုရှင်းပြမယ် အောက်မှာဖတ်လိုက်
JavaScript ဆိုတာက HTML webpage တွေကိုပိုပြီးအသက်ဝင်အောင်လုပ်ဆောင်ပေးပါတယ်
Scripting Language တစ်ခုလည်းဖြစ်သလို့ ပေါ့ပါးခိုင်ခန့် ပါတယ် (ထီးကြေငြာဝင်တာ)
Data တွေကို validate လုပ်နိုင်ပါတယ်
Cookies တွေကိုဖန်တီးနိုင်ပါတယ်
Visitor browser တွေကိုသတိပြုနိုင်ပါတယ်
ပုံမှန်အားဖြင့် html မှာ တိုက်ရိုက် မြုပ်ပြီး သုံးလို့ရပါတယ်
နောက်တစ်ခုက ကျွန်တော်တို့အကြိုက်ဆုံးကကိုယ်ပိုင် object တွေကိုအလကားရေးလို့ရပါတယ် ပိုက်ဆံပေးစရာမလိုပါဘူး
ဒါကြောင့် အရမ်းဂွတ်ပါတယ်
မှတ်ချက်: : JavaScript နဲ့ Java လုံးဝမတူပါဘူး
No comments:
Post a Comment
Thanks for your comments
Welcome from cyberoot