Saturday, June 30, 2012

Hashing အကြောင်း

Hashing အကြောင်း
hashing လုပ်တယ်ဆိုတာ data တွေကို အပိုင်းပိုင်းလေးတွေခွဲထုတ်လိုက်တာပါပဲ့ String or Integer အဖြစ်ပြောင်းလဲသွားပါတယ်
web developer တွေအသုံးများတဲ့ function တစ်ခုကတော့ md5 ဆိုတာပါ။
မတူညီတဲ့ languages and systems တွေမှာအတော်လေးအသုံးများတာကိုလည်းတွေ့ရပါတယ်


$name="cyberoot";
$hash= md5($name);
echo $hash; //691da7f884a723202cc16371b69b678c

md5() function သုံးပြီးလုပ်တဲ့ data တွေဟာဆိုရင် အမြဲတမ်း 32 character string အဖြစ်ပြောင်းလဲသွားပါတယ်
ဒါပေမယ့် ဒါက hexadecimal character(0 - F) တွေသာ ပါဝင်တာပါ 128-bit (16byte) ကိုလည်းကိုယ်စားပြုပါတယ် တူတူပဲ့ပေါ့ဗျာ

hashing ကိုဘယ်မှာသုံးလဲဆိုရင်တော့
user registering လုပ်တဲ့ password field တွေမှာသုံးပါတယ်
ပြီးတော့ password insert လုပ်တဲ့အခါ password ကို md5 အဖြစ်ပြောင်းပြီး သုံးကြတာများပါတယ်
ဒါကြောင့် ကျွန်တော်တို့ admin password တွေကိုရှာတဲ့အခါ password ကို hashing အဖြစ်တွေ့ရပါတယ်
ဒါက မလုံခြုံပါဘူး ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပြန်ပြီး decrypt ပြန်လုပ်လို့ရလို့ပါပဲ့

အရင်တုန်းက Crc32 ဆိုတဲ့ hash script ကိုလည်းတော်တော်လေးသုံးခဲ့ပါသေးတယ်
သူကတော့ နောက်ပိုင်းလူသိနည်းလာတယ် နည်းနည်းလည်းကြာပြီးဆိုတော့

လေ့လာကြည့်ရအောင်

echo crc32('cyberoot_hash');
// output is 4ab4649b


အခုဆိုရင် ကျွန်တော် database လေးခိုးခံထိတယ်ဆိုပါစို့ database မှာစောစောတုန်းက hashing လုပ်ထားတဲ့ value လေးရှိတယ်ဗျာ
အဲဒီ hash လေး 4ab4649b ကို cyberoot_hash လို့ပြောင်းလို့မရနိုင်ပါဘူးဒါပေမယ့် အခြား password အဖြစ် နဲ့ တူညီတဲ့ hash value ကိုပြောင်းလဲနိုင်ပါတယ်
decrypt ပြန်လုပ်တဲ့ သဘောပါပဲ့ အောက်မှာပါ

set_time_limit(0);
$i=0;
while(true){
if(crc32(base64_encode($i))==4ab4649b){
echo base64_encode($i);
exit;
}
$i++;
}

အပေါ်က code ကို run လိုက်တဲ့အခါမှာတော့ hash ကို string အဖြစ်ပြန်လည်ပြောင်းလဲပေးမှာဖြစ်ပါတယ်
ဒါဆိုရင်စောစောက ကျွန်တော်တို့ သုံးခဲ့တဲ့ cyberoot_hash ဆိုတဲ့ အစား decrypt လုပ်တဲ့ string ကိုပြန်ပြီးအသုံးပြုနိုင်ပါတယ်
ဒါက login page ထဲကို အဆင်ပြေအောင် ပြန်ပြီးဝင်ရောက်နိုင်ပါတယ်
ကျွန်တော်တို့ script ကို run လိုက်တဲ့အခါ မှာ output အနေနဲ့ BZIxMjY5OTAwCk== လို့ ထုတ်ပေးတယ်ဆိုပါစို့

ဒီလိုပါ
echo crc32('cyberoot_hash');
//outputs :4ab4649b
echo crc32('BZIxMjY5OTAwCk==');
//outputs :4ab4649b


အဖြေက တူတူပဲ့ထွက်ပါတယ်
စိတ်ပူသွားပြီလား သင့်ရဲ့ security လေးကို ဟီး ဆက်ရှင်းမယ်ဗျာ ကြောက်နဲ့ (အပူရှိရင်အအေးရှိရမယ်တွ)
ဒီလိုနည်းလည်းကိုကာကွယ်ဖို့ နည်းလမ်းရှိပါတယ်
md5() function ကိုသုံးတာလည်းကောင်းပါတယ် ဒါက 128 bit hashes အဖြစ် generate လုပ်ပေးပါတယ်
နောက်ပြီး sha1() function က ပိုပြီးတော့ ကောင်းပါတယ် သူကတော့ 160 -bit hash value ပါ
md5 ထက် sha1 က ပိုပြီး ရှည်ပါတယ် ဒါပေမယ့် ဒီလိုရိုးရိုး နည်းတွေကလည်း စိတ်မချရသေးပါဘူး
Rainbow Table သုံးပြီးတိုက်ခိုက်ရင် ထိမှာသေချာပါတယ် ဒီတော့ ပိုကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားရပါမယ်

အောက်ကရေးထားတာကိုကြည့်ပါ

$password = "easypassword";      //passowrd ကို ပုံမှန်အတိုင်းပဲ့ပေးထားတာပါ character အဖြစ်နဲ့ပေါ့
echo sha1($password);  //output is : 6c94d3b42518febd4ad747801d50a8972022f956 ပြန်ပြီး sh1 () function သုံးပြီး hashing လုပ်ထားတာပါ

ဒီအထိကျွန်တော်တို့ decrypt လုပ်နိုင်ပါတယ်
အဲလိုမျိုးမလုပ်နိုင်အောင် ကျွန်တော်က variable တစ်ခုသတ်မှတ်ပြီး string ကို assign လုပ်လိုက်ပါတယ်
$salt = "f#@V)Hu^%Hg15fds*"; //ဒါက ကျွန်တော် သတ်မှတ်ထားတဲ့ string တစ်ခုပါ
ဒါကို sh1() funtion သုံးပြီး စောစောတုန်းက ပုံမှန်ရေးထားတဲ့ $password နဲ့ ပေါင်းလိုက်တော့ decrpty လုပ်လို့မရတော့ပါဘူး ဟီး ဒါပေမယ့် security ဆိုတာ 99% ပဲ့
echo sha1($salt . $password); // cd56a16759623378628c0d9336af69b74d9d71a5

ဒီတော့ code က ဒီလိုဖြစ်သွားမယ်
$salt = "f#@V)Hu^%Hg15fds*";
echo sha1($salt . $password); // cd56a16759623378628c0d9336af69b74d9d71a5 အဲလိုမျိုး hashing ကို decrypt လုပ်လို့မရတော့ပါဘူး

ဘာကြောင့်လဲဆိုတော့ Rainbow Table ကတော့ md5 & sha1 အခြားနည်းတွေအများကြီးကို decrypt လုပ်နိုင်စွမ်းရှိပါတယ်
ကျွန်တော်တို့က string နဲ့ hash နဲ့ပေါင်းလိုက်တော့ ပိုပြီးလုံခြုံသွားပါတယ်

အကြံပေးချင်တာတစ်ခုက သင့် website ရဲ့ admin or member တွေထည့်တဲ့အခါ database ကိုအောက်မှာရေးထားတဲ့ ပုံစံမျိုးထည့်ပေးရင်ပိုပြီးတော့စိတ်ချရပါတယ်
$hash = sha1($user_id . $password);  သိုမဟုတ် $hash = md5($user_id . $password);  
$hash = md5($_POST['$user_id . $password']);

ဒါဆို ok မယ်ထင်ပါတယ်ဗျာ
ကျွန်တော်လည်းအများကြီးမသိပါဘူး နောက်ထပ်နည်းလမ်းတွေလည်းအများကြီးရှိပါတယ်
သိသလောက်လေးမျှဝေပေးလိုက်တာပါ အမှာပါရင်လည်း ၀င်ရောက်ဆွေးနွေးပေးပါလို့ဖိတ်ခေါ်ပါတယ်
Written by cyberoot
Ref:Burak Guzel

No comments:

Post a Comment

Thanks for your comments
Welcome from cyberoot